Monday, February 04, 2013

မဇ္ဈိမစေတနာ ကျောင်းဆောင်သစ်များအတွက် မြေသန့်၊ ပန္နက်တင်အုတ်မြစ်စီ

Photo: မဇ္ဈိမစေတနာ ကျောင်းဆောင်သစ်များအတွက် မြေသန့်၊ ပန္နက်တင်အုတ်မြစ်စီ
Monday, 04 February 2013

မဇ္ဈိမစေတနာ ကျောင်းဆောင်သစ်များ ဆောက်လုပ်ရန်အတွက်
မြေသန့်ခြင်းနှင့် ပန္နက်တင်အုတ်မြစ်စီခြင်းအခန်းအနားများကို ကျင်းပပြုလုပ်ခဲ့သည်။

မဇ္ဈိမဂုဏ်ရည် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကောဝိဒ ဦးစီး တည်ထောင် ဖွင့်လှစ်တော်မူသော ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့ နယ်၊ ရဲမွန်တပ်မြို့ 
ရှိ မဇ္ဈိမဂုဏ်ရည်မဟာစည် တောရရိပ်သာတွင် ပရိယတ္တိ၊ ပရိပတ္တိသာသနာတာဝန်တို့ကို ထမ်းရွက်တော်မူနေကြသည့် သံဃာတော်များ သီတင်းသုံးရန်အတွက် မဇ္ဈိမစေတနာ ရွှေဥရာစုသစ် ရတနာကျောင်းဆောင်၊ မဇ္ဈိမစေတနာ ရန်ကုန်ထရန်စဖော်မာ ရတနာကျောင်းဆောင်၊ မဇ္ဈိမစေတနာ စိန်ဧကရာဇ် ရတနာကျောင်းဆောင် နှင့် မဇ္ဈိမစေတနာ လှမဉ္ဖူ ရတနာကျောင်းဆောင်များ ဆောက်လုပ်ရန် မြေသန့်ခြင်းနှင့် ပန္နက်တင်အုတ်မြစ်စီခြင်းအခန်းအနားများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရဲမွန်တပ်မြို့ ရှိ မဇ္ဈိမဂုဏ်ရည်မဟာစည် တောရရိပ်သာတွင် အဆိုပါ
ကျောင်းဆောင်သစ်များဆောက်လုပ်ရန်အတွက် မြေသန့်မင်္ဂလာ
အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်၊ ညနေ ၄ နာရီတွင်လည်းကောင်း၊ ပန္နက်တင်အုတ်မြစ်စီမင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၇ နာရီ ၂၀ မိနစ်တွင်လည်းကောင်း အင်းစိန် ရွာမပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တလောကာဘိဝံသ မဟာထေရ်နှင့် မဇ္ဈိမဂုဏ်ရည် ဆရာတော်တို့ကြီးမှူး၍ သံဃာတော်များ၊ အလှူရှင်မိသားစုများပါဝင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

PP
Popular Myanmar News Journalမဇ္ဈိမစေတနာ ကျောင်းဆောင်သစ်များ ဆောက်လုပ်ရန် အတွက်  မြေ သန့် ခြင်းနှင့် ပန္နက်တင်အုတ်မြစ်စီခြင်း အခန်းအနားများ ကို ကျင်း ပပြု လုပ်ခဲ့သည်။
မဇ္ဈိမဂုဏ်ရည် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကောဝိဒ ဦးစီး တည်ထောင် ဖွင့်လှစ်တော်မူသော ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့ နယ်၊ ရဲမွန်တပ်မြို့ ရှိ မဇ္ဈိမဂုဏ်ရည်မဟာစည် တောရရိပ်သာတွင် ပရိယတ္တိ၊ ပရိပတ္တိသာသနာတာဝန်တို့ကို ထမ်းရွက်တော်မူနေကြသည့် သံဃာတော်များ သီတင်းသုံးရန်အတွက် မဇ္ဈိမစေတနာ ရွှေဥရာစုသစ် ရတနာကျောင်းဆောင်၊ မဇ္ဈိမစေတနာ ရန်ကုန်ထရန်စဖော်မာ ရတနာကျောင်းဆောင်၊ မဇ္ဈိမစေတနာ စိန်ဧကရာဇ် ရတနာကျောင်းဆောင် နှင့် မဇ္ဈိမစေတနာ လှမဉ္ဖူ ရတနာကျောင်းဆောင် များ ဆောက် လုပ်ရန် မြေသန့်ခြင်းနှင့် ပန္နက်တင်အုတ်မြစ်စီခြင်းအခန်းအနားများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရဲမွန်တပ်မြို့ ရှိ မဇ္ဈိမဂုဏ်ရည်မဟာစည် တောရရိပ်သာတွင် အဆိုပါကျောင်းဆောင်သစ် များဆောက် လုပ်ရန်အတွက် မြေသန့်မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်၊ ညနေ ၄ နာရီတွင်လည်းကောင်း၊ ပန္နက်တင်အုတ်မြစ်စီမင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၇ နာရီ ၂၀ မိနစ်တွင်လည်းကောင်း အင်းစိန် ရွာမပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တလောကာဘိဝံသ မဟာထေရ်နှင့်မဇ္ဈိမဂုဏ်ရည်ဆရာတော်တို့ကြီးမှူး၍သံဃာတော်များ၊အလှူရှင်မိသားစုများပါဝင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

PP
Popular Myanmar News Journal

No comments:

Post a Comment

My Blog List