Monday, February 04, 2013

မချမ်းဘောတွင် ဒေသခံ ပြည်သူလူထု (၅၀) ဦးခန့် ဆန္ဒထုတ်ဖော်

ယနေ့ နံနက် ၁၀၀၀ နာရီမှ ၁၀၃၀ ချိန်ထိ မချမ်းဘောမြို့ နေ ပြည်နယ် ကျန်းမာရေး ဝန်ထမ်းအငြိမ်းစား ဦးအင်ဂေါက်တူရိန် ဦးစီး မချမ်းဘောဒေသခံ ပြည်သူ ၅၀ ဦးခန့်သည် ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိရေး
အတွက် တောင်းဆို ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။

၎င်းတို့၏ တောင်းဆိုချက်များမှာ အစိုးရတပ်မတော်နှင့် ကေအိုင်အေ တို့အပစ်အခတ်ရပ်စဲ ရန်၊ ကေ အိုင်အေ အဖွဲ့ အနေဖြင့် အစိုးရမှကမ်းလှမ်းထားသော ငြိမ်းချမ်းရေးကမ်းလှမ်းချက်များအား လက်ခံ၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရန် ၊ မြစ်ကြီးနား - ပူတာအိုလမ်းကြောင်းအား နှောင့်ယှက် တိုက်ခိုက် မှုများ မပြုလုပ်ရန် ၊ဒေသခံ လူထု အကျိုးကို ရှေးရှု၍ နှစ်ဖက်စလုံးမှ စစ်ရေးလှုပ်ရှားမှုများအမြန် ရပ်တန့် ရန် ၊ ဒေသတည်ငြိမ် အေးချမ်းရေး ကြိုးပမ်းဆောင်ရွက်ရန် ၊ ကုန်ဈေးနှုန်း ကျဆင်းရေးဆောင် ရွက်ရန် စသည့် အချက်များကို တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်မချမ်းဘောမြို့နယ်နှင့်ပူတာအိုမြို့နယ်များသည်မြစ်ကြီးနားမြို့မှကုန်းကြောင်းနှင့် လေကြောင်း ခရီးသာ အဆက်အသွယ်ရှိပြီး တစ်ခုတည်းသော ကားလမ်းဖြစ် သည့် မြစ်ကြီးနား- ဆွမ်ပရာဘွမ် - ပူတာ အို ကားလမ်း သည် ၂၁၈ မိုင် သာ ကွာဝေးသော်လည်း နှစ်ဖက်တိုက်ပွဲများကြောင့် တံတားများ ပျက်စီး ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲလျက်ရှိသည်။

ပြီးခဲ့သော ၂၀၁၂ ခုနှစ် အတွင်း အစိုးရမှ လေယာဉ်ဖြင့် ဆန်အိတ်များထောက်ပံမှု ပြုလုပ်ခဲ့သော်လည်း လမ်းပန်းဆက်သွယ်ရေးအရကုန်ဈေးနှုန်းများကြီးမြင့်လျက်ရှိပြီး ရိက္ခာပြည့်စုံစွာ မရရှိသဖြင့် ဒေသခံ
ပြည်သူများမှာ စားဝတ်နေရေး အဆင်မပြေမှုများ ဖြင့် ကြုံတွေ့နေရသည်။

No comments:

Post a Comment

My Blog List