
ပြင်သစ်ဂျတ်တိုက်လေယဉ် ၃၀ ခန့် သည် မာလီနှင့် အယ်ဂျီး ရီးယား နယ်စပ်ရှိ တောင်ထူထပ်ရာဒေသများဖြစ်သော တက်ဆယ်လစ်ဒေသ အနီး သူပုန်များ၏ လေ့ကျင့်ရေးနှင့် ဆက်သွယ်ရေး ဗဟိုဒေသများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြသည်။ ပြင်သစ်သမ္မတ မစ္စတာအော်လန်ဒီကလည်း နိုင်ငံမြောက်ပိုင်းကို ထိန်းချုပ်ထားသော သူပုန်များကို တိုက်ခိုက်မည်ဟု ကတိပေးထားသော်လည်း သူပုန်များသည် ကီဒယ်ဒေသတွင် ပြန်လည်စုစည်းမိကာ ပြင်သစ်တပ်များကို တိုက်ခိုက်နိုင်ဖွယ်ရှိကြောင်း သတင်းက ဆိုသည်။
ယခုအခါပြင်သစ်တပ်ဖွဲ့ များသည် ကီဒယ်မြို့လေဆိပ်ကို ထိန်းချုပ်ထားးသော်လည်း တွာရက်ဂ် အဖွဲ့ ကမြို့ကို ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး လောရင့်ဖေဘီယပ် ကလည်းပြင်သစ်သည် မကြာမီက သိမ်းပိုက်ခဲ့သော တင်ဘာကူမြို့ကိုအာဖရိက တပ်ဖွဲ့ များလက်ထဲ သို့ ဖြစ်နိုင်သမျှ အမြန်ဆုံး လွှဲပြောင်းရန်ရှိနေကြောင်း ပြောကြားသည်။
ယခုအခါမာလီတွင် ပြင်သစ်တပ်ဖွဲ့ ဝင်ပေါင်း ၃,၅၀၀ ခန့်ရောက်ရှိနေပြီး ၊ချတ်ဒ်နှင့် နိုင်ဂျာနိုင်ငံတို့မှ အာဖရိ ကတပ်ဖွဲ့ ဝင်၂၀၀၀ နီးပါးခန့် ရောက်ရှိနေကာ နောက်ထပ် အာဖရိကတပ်ဖွဲ့ ဝင် ၆၀၀၀ ခန့်မှာလည်း အာဖရိကနိုင်ငံများ ဦးဆောင်သည့် မာလီ နိုင်ငံတကာထောက်ပံ့ရေး တပ်များ၏ စစ်ဆင်ရေး အဖြစ် ရောက်ရှိလာဦးမည်ဟု သိရသည်။
Ref: BBC
The Myanma Age
No comments:
Post a Comment