
အဆိုပါ ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် ရုံးခွဲလာရောက်ဖွင့်လှစ်ရန် အတွက် ပြင်ဆင်မှု များ ပြု လုပ်ဆောင်ရွက်လျှက်ရှိပြီး ၂၀၁၃ ခုနှစ်အတွင်းမှာပင် ဖွင့်လှစ်နိုင်ဖွယ် ရှိကြောင်း ယင်းက ဆက်လက်ပြောကြားသည်။
အဆိုပါ ဆော့ဖ်ဝဲလ်ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရုံးခွဲဖွင့်လှစ်ခြင်းအပေါ် အိုင်တီပညာ ရှင် တစ်ဦးဖြစ်သည့် ဆရာ ဦးအောင်မျိုးလွင်က "ဒီလိုမျိုး လာဖွင့်မယ်ဆိုရင်တော့ ကောင်းပါတယ်။ ကြိုဆိုပါတယ်။ သူတို့သာ လာမယ်ဆိုရင် မြန်မာနိုင်ငံအတွက် အလုပ်အကိုင် အခွင့်လမ်းကောင်းတွေ အများကြီး ရလာမယ် ထင်ပါတယ်။ သူတို့လည်း လာမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာရှိတဲ့ လိုအပ်ချက်တွေ ကို သိတဲ့အတွက် ပြင်ဆင်ပြီးတော့မှ လာမှာပေါ့" ဟုပြောသည်။
အဆိုပါ ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ် ရုံးခန်း လာရောက်ဖွင့် လှစ်နိုင်ရန် အတွက် နေရာရွေးချယ်ခြင်းများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးခွန်ဦးမှ ဆက် လက်ပြောကြား သည်။
မြန်မာနိုင်ငံတွင် ယခုအခါ နည်းပညာများ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အညီ နည်းပညာကုမ္ပဏီများ အနေဖြင့်လည်း ၄င်းတို့၏ ထုတ်ကုန်များကို တရားဝင် အရောင်းစင်တာများဖြင့် ရောင်းချလျှက်ရှိပြီး အဆိုပါ ကုမ္ပဏီများမြန်မာနိုင်ငံသို လာရောက်ခြင်းအပေါ် အိုင်တီနယ်ပယ်မှ ပညာရှင်များ ကြိုဆိုကြကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment