Thursday, February 07, 2013

"ဒဂုံဆိပ်ကမ်းလယ်မြေအချို့၌ လမ်းဖောက် မြောင်းဖော်နေမှု တင်ပြထားခြင်း အထမမြောက်လျှင် ဆန္ဒပြမည်"

Photo: "ဒဂုံဆိပ်ကမ်းလယ်မြေအချို့၌ လမ်းဖောက် မြောင်းဖော်နေမှု တင်ပြထားခြင်း အထမမြောက်လျှင် ဆန္ဒပြမည်"
Thursday, February 07, 2013 

ဒဂုံမြို့နယ်(ဆိပ်ကမ်း)မြို့နယ်၊ ကျီစုရွာဝန်းကျင်မှ လယ်မြေများအတွင်း အကြောင်းကြားခြင်းမရှိဘဲ စက်ယန္တရားများဖြင့် ဝင်ရောက် တူးဖော်လုပ်ကိုင် နေမှုအပေါ် လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မတီသို့ တင်ပြထားခဲ့ရာ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိပါက ဆန္ဒထုတ်ဖော်သွားမည်ဟု လယ်သမားအချို့က ပြောသည်။ ”ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့ နယ်၊ ကျီစုကျေးရွာ ကွင်းအမှတ် ၄၄၈ ၌ မိရိုးဖလာ လုပ်ကိုင် ခဲ့သော လယ်မြေဧက ၂ဝဝ ကျော်အား တစ် စုံတစ်ရာ အကြောင်းကြားမှုမရှိဘဲ အေးရိပ်ငြိမ်ကုမ္ပဏီမှ စက်ယန္တရား များဖြင့် လမ်းနှင့်ရေမြောင်း များကိုတူး ဖော်လုပ်ကိုင်နေခြင်းကြောင့် ယခု ကဲ့သို့ လယ်ယာမြေ စုံစမ်း စစ်ဆေး ရေးကော်မတီသို့ တင်ပြရခြင်းဖြစ် ကြောင်း ကျီစုကျေးရွာမှ လယ်သမား ဦးတင်ဦးက ပြောသည်။ ”ကျွန်တော်တို့ လယ်လုပ်လာ တာ အနှစ် ၂ဝ ကျော်ပြီ။ နိုင်ငံတော်ကလည်း လယ်မြေအဖြစ် တရားဝင် အသိ အမှတ်ပြုပြီး အမ တော်ကြေးတွေ ချပေးခဲ့တယ်။ ကျွန် တော်တို့ကလည်း နိုင်ငံတော်ကို တာဝန်ကျေ စပါး ရောင်းချမှုတွေ လုပ် ပေးခဲ့တယ်။ အခု လယ်မြေတွေသိမ်း သွားတော့ ဒီနှစ် မိုးရာသီမှာ လယ်လုပ်လို့မရတော့ ဘူး” ဟု ဦးတင်ဦးက ပြောသည်။

လက်ရှိလုပ်ကိုင်နေသော လယ် ယာမြေများသည်၁၉၇ဝ ခုနှစ်မှစ၍ တောများကို ခုတ်ထွင် ရှင်းလင်းခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် လယ်မြေအဖြစ် စတင်လုပ်ကိုင်ခဲ့ရာ နိုင်ငံတော်မှ အဆိုပါ လယ်ယာ မြေများကို ကွင်းအ မှတ် ၄၄၈ ကွင်းဟု အသိအမှတ်ပြုကာ အမတော်ကြေးများ ထုတ်ချေးခဲ့ ကြောင်း သိရသည်။ လယ်ယာမြေများကို ၂ဝဝ၉ ခုနှစ်တွင် စတင်သိမ်းဆည်း၍ လမ်းများအား ကွန်ကရစ်များ ခင်းပေးခြင်း၊ ဓာတ်မီးတိုင်များ စိုက်ခြင်းများ ပြု လုပ်ခဲ့ပြီး နောက်ပိုင်းတွင် လယ်ယာ မြေများ၌ တူးမြောင်းများ ပြုလုပ်လာသည့် အတွက် လယ်ယာစိုက်ပျိုးရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း၊ တူးမြောင်းတူးရာတွင် လည်း မလွတ် သည့်တဲများအား ဖျက်ခိုင်းမှုများရှိ ကြောင်း အဆိုပါ လယ်ယာမြေနစ်နာ ဆုံးရှုံးသူ လယ်သမားများအဖွဲ့မှ ဥက္ကဋ္ဌ ဦးသန့်ဇော်က ဆိုသည်။ အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ အေးရိပ်ငြိမ် ဆောက်လုပ်ရေး ကုမ္ပဏီမှ တာ ဝန်ရှိသူတစ်ဦးက ၄င်းတို့ ကုမ္ပဏီအနေဖြင့် အိုးအိမ်မှ ကန်ထရိုက် ပေးသဖြင့် ဆောင်ရွက်ပေး ရခြင်းဖြစ်ပြီး တူးမြောင်းများတူးရာ တွင် မလွတ်သည့် လယ်တဲများအား ဖျက်ခိုင်းခြင်း မရှိခဲ့ကြောင်း ပြော သည်။ ၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့၌ တောင်သူလယ် သမား ရေးရာကော်မတီသို့ လယ်မြေဆုံး ရှုံးမှု တင်ပြထားမှု ရှိသော်လည်း အ ကြောင်းပြန်ကြားခြင်း မရှိသည့်အ တွက် ဇန်နဝါရီ ၂၈ ရက်နေ့တွင် ထပ်မံစာ တင်ထားကြောင်း သိရသည်။

အိမ်စည်စိုးစံ၊ ရန်နိုင်
Popular Myanmar News Journal ဒဂုံမြို့နယ်(ဆိပ်ကမ်း)မြို့နယ်၊ ကျီစုရွာဝန်းကျင်မှ လယ်မြေများအတွင်း အကြောင်းကြားခြင်းမရှိဘဲ စက်ယန္တရားများဖြင့် ဝင်ရောက် တူးဖော် လုပ်ကိုင် နေမှုအပေါ် လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မတီသို့ တင်ပြထားခဲ့ရာ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိပါက ဆန္ဒထုတ်ဖော်သွားမည်ဟု လယ်သမားအချို့က ပြောသည်။ ”ဒဂုံမြို့ သစ်(ဆိပ်ကမ်း) မြို့ နယ်၊ ကျီစုကျေးရွာ ကွင်းအမှတ် ၄၄၈ ၌ မိရိုးဖလာ လုပ်ကိုင် ခဲ့သော လယ်မြေဧက ၂ဝဝ ကျော်အား တစ် စုံတစ်ရာ အကြောင်းကြား မှုမရှိ ဘဲ အေးရိပ် ငြိမ် ကုမ္ပဏီမှ စက်ယန္တရား များဖြင့် လမ်းနှင့်ရေမြောင်း များကိုတူး ဖော်လုပ်ကိုင်နေခြင်းကြောင့် ယခု ကဲ့သို့ လယ်ယာမြေ စုံစမ်း စစ်ဆေး ရေးကော်မတီသို့ တင်ပြရခြင်းဖြစ် ကြောင်း ကျီစုကျေးရွာမှ လယ်သမား ဦးတင်ဦးက ပြောသည်။ ”ကျွန်တော်တို့ လယ်လုပ်လာ တာ အနှစ် ၂ဝ ကျော်ပြီ။ နိုင်ငံတော်ကလည်း လယ်မြေအဖြစ် တရားဝင် အသိ အမှတ်ပြုပြီး အမ တော်ကြေးတွေ ချပေးခဲ့တယ်။ ကျွန် တော်တို့ က လည်း နိုင်ငံတော်ကို တာဝန်ကျေ စပါး ရောင်းချမှုတွေ လုပ် ပေးခဲ့တယ်။ အခု လယ်မြေတွေသိမ်း သွားတော့ ဒီနှစ် မိုးရာသီမှာ လယ်လုပ်လို့မရတော့ ဘူး” ဟု ဦးတင်ဦးက ပြောသည်။
လက်ရှိလုပ်ကိုင်နေသော လယ် ယာမြေများသည်၁၉၇ဝ ခုနှစ်မှစ၍ တောများကို ခုတ်ထွင် ရှင်းလင်းခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် လယ်မြေအဖြစ် စတင်လုပ်ကိုင်ခဲ့ရာ နိုင်ငံတော်မှ အဆိုပါ လယ်ယာ မြေများကို ကွင်းအ မှတ် ၄၄၈ ကွင်းဟု အသိအမှတ်ပြုကာ အမတော်ကြေးများ ထုတ်ချေးခဲ့ ကြောင်း သိရသည်။ လယ်ယာမြေ များကို ၂ဝဝ၉ ခုနှစ်တွင် စတင်သိမ်းဆည်း၍ လမ်းများအား ကွန်ကရစ်များ ခင်းပေးခြင်း၊ ဓာတ်မီးတိုင်များ စိုက်ခြင်းများ ပြု လုပ်ခဲ့ပြီး နောက်ပိုင်းတွင် လယ်ယာ မြေများ၌ တူးမြောင်းများ ပြုလုပ်လာသည့် အတွက် လယ်ယာစိုက်ပျိုးရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း၊ တူးမြောင်းတူးရာတွင် လည်း မလွတ် သည့်တဲ များအား ဖျက်ခိုင်းမှုများရှိ ကြောင်း အဆိုပါ လယ်ယာမြေနစ်နာ ဆုံးရှုံးသူ လယ်သမားများအဖွဲ့မှ ဥက္ကဋ္ဌ ဦးသန့်ဇော်က ဆိုသည်။ အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ အေးရိပ်ငြိမ် ဆောက်လုပ်ရေး ကုမ္ပဏီမှ တာ ဝန်ရှိသူတစ်ဦးက ၄င်းတို့ ကုမ္ပဏီအနေဖြင့် အိုးအိမ်မှ ကန်ထရိုက် ပေးသဖြင့် ဆောင်ရွက်ပေး ရခြင်းဖြစ်ပြီး တူးမြောင်းများတူးရာ တွင် မလွတ်သည့် လယ်တဲများအား ဖျက်ခိုင်းခြင်း မရှိခဲ့ကြောင်း ပြော သည်။ ၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့၌ တောင်သူလယ် သမား ရေးရာကော်မတီသို့ လယ်မြေဆုံး ရှုံးမှု တင်ပြထားမှု ရှိသော်လည်း အ ကြောင်းပြန်ကြားခြင်း မရှိသည့်အ တွက် ဇန်နဝါရီ ၂၈ ရက်နေ့တွင် ထပ်မံ စာ တင်ထားကြောင်း သိရသည်။

အိမ်စည်စိုးစံ၊ ရန်နိုင်
Popular Myanmar News Journal

No comments:

Post a Comment

My Blog List