Tuesday, February 05, 2013

တောဆင်ရိုင်း တစ်ကောင်အား သတ်ဖြတ်သည့် ဆင်ပစ် မုဆိုး သုံးဦးအား ဖမ်းဆီးရမိ

Photo: တောဆင်ရိုင်း တစ်ကောင်အား သတ်ဖြတ်သည့် 
ဆင်ပစ် မုဆိုး သုံးဦးအား ဖမ်းဆီးရမိ
Monday, 04 February 2013

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်း မြို့နယ်ခွဲ ဆင်မှုံ ကြိုးဝိုင်း အကွက် အမှတ်(၂)၌ တောဆင်ရိုင်း တစ်ကောင်အား သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့ပြီး သတင်း ကွင်းဆက်
ဖော်ထုတ်ချက် များအရ ဆင်ပစ်မုဆိုး သုံးဦးအား ဖမ်းဆီး ရမိခဲ့သည်။

ဖြစ်စဉ်မှာ ငပုတောမြို့နယ် သစ်တော ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိ သူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၃ ရက်တွင် ငရုတ်ကောင်း မြို့နယ်ခွဲ မင်းသားကြီး ဒေသအထက် မိုးတိမ်မျှင် ကျေးရွာအုပ်စု၊ ဆင်မှုံချောင်းဖျား၊ ဆင်မှုံကြိုးဝိုင်း အကွက်အမှတ် (၂)သို့ သွားရောက် စစ်ဆေးရာ ခန့်မှန်း အသက် (၄ဝ-၅ဝ)နှစ်အကြား တောရိုင်း စွယ်စုံဆင် (အထီး) တစ်ကောင် သတ်ဖြတ်ခံခဲ့ ရကြောင်း စစ်ဆေး တွေ့ရှိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်စပ်စုံစမ်း ဖော်ထုတ် ခဲ့ရာ ပြစ်မှုကျူးလွန် သူခြောက်ဦး ရှိပြီး ဇန်နဝါရီ ၆ ရက်မှ ၈ ရက်အထိ သိန်းစိုး (ဘ) ဦးမြသောင်း ဆင်ငံကျေးရွာ၊ ဖိုးဖြူ (ဘ) ဦးဖိုးသွယ် ဆင်မှုံကျေးရွာ၊ ငပိန် (ခ) ညိုအောင်(ဘ) ဦးဖြူလုံး သက္ကယ်ကွင်းရွာ၊ ငရုတ်ကောင်း မြို့နယ်ခွဲတို့ သုံးဦးကို ဖမ်းဆီး ရမိခဲ့သည်။

ကျန်ရှိသည့် စံရှား(ခ) ဆန်းရှိုင်း (ဘ) ဦးသောင်းမြင့် ဆင်ငံ ကျေးရွာ၊ စန်ဂျာ (ဘ) ဦးမောင်လှ နံ့သာပု ကျေးရွာ၊ နေဂျာ (ဘ) ဦးမောင်လှ နံသာပု ကျေးရွာ၊ ငရုတ်ကောင်း မြို့နယ်ခွဲတို့ သုံးဦးမှာ ထွက်ပြေး တိမ်းရှောင်လျက် ရှိသဖြင့် ဖမ်းဆီးရ မိနိုင်ရေးအတွက် စုံစမ်း
ဖော်ထုတ်လျက် ရှိကြောင်း၊ လက်ရှိ ဖမ်းဆီးရ မိသည့် တရားခံ သုံးဦးကို ၁၉၉၄ ခုနှစ် တောရိုင်း တိရစ္ဆာန်နှင့် သဘာဝ အပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၅(က)နှင့် ၃၇ (က) 
အရ ကြိုတင် တရားစွဲခွင့် ပြုကြောင်း သိရသည်။


ဓာတ်ပုံ - “ ငပုတောမှာ ၆ လအတွင်း ဆင် ၆ ကောင်အစွယ်ဖြတ်
အသတ်ခံရ သတင်း ”  (ဧရာဝတီ)

မြဝတီဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်း မြို့နယ်ခွဲ ဆင်မှုံ ကြိုးဝိုင်း အကွက် အမှတ်(၂)၌ တောဆင်ရိုင်း တစ်ကောင်အား သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့ပြီး သတင်း ကွင်း ဆက်ဖော် ထုတ် ချက် များအရ ဆင်ပစ်မုဆိုး သုံးဦးအား ဖမ်းဆီး ရမိခဲ့သည်။
ဖြစ်စဉ်မှာ ငပုတောမြို့နယ် သစ်တော ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိ သူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၃ ရက်တွင် ငရုတ်ကောင်း မြို့နယ်ခွဲ မင်းသားကြီး ဒေသအထက် မိုးတိမ်မျှင် ကျေးရွာအုပ်စု၊ ဆင်မှုံချောင်းဖျား၊ ဆင်မှုံကြိုးဝိုင်း အကွက်အမှတ် (၂)သို့ သွားရောက် စစ်ဆေးရာ ခန့်မှန်း အသက် (၄ဝ-၅ဝ)နှစ်အကြား တောရိုင်း စွယ်စုံဆင် (အထီး) တစ်ကောင် သတ်ဖြတ်ခံခဲ့ ရကြောင်း စစ်ဆေး တွေ့ရှိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်စပ်စုံစမ်း ဖော်ထုတ် ခဲ့ရာ ပြစ်မှုကျူးလွန် သူခြောက်ဦး ရှိပြီး ဇန်နဝါရီ ၆ ရက်မှ ၈ ရက်အထိ သိန်းစိုး (ဘ) ဦးမြသောင်း ဆင်ငံကျေးရွာ၊ ဖိုးဖြူ (ဘ) ဦးဖိုးသွယ် ဆင်မှုံကျေးရွာ၊ ငပိန် (ခ) ညိုအောင်(ဘ) ဦးဖြူလုံး သက္ကယ်ကွင်းရွာ၊ ငရုတ်ကောင်း မြို့နယ်ခွဲတို့ သုံးဦးကို ဖမ်းဆီး ရမိခဲ့သည်။
ကျန်ရှိသည့် စံရှား(ခ) ဆန်းရှိုင်း (ဘ) ဦးသောင်းမြင့် ဆင်ငံ ကျေးရွာ၊ စန်ဂျာ (ဘ) ဦးမောင်လှ နံ့သာပု ကျေးရွာ၊ နေဂျာ (ဘ) ဦးမောင်လှ နံသာပု ကျေးရွာ၊ ငရုတ်ကောင်း မြို့နယ်ခွဲတို့ သုံးဦးမှာ ထွက်ပြေး တိမ်းရှောင်လျက် ရှိသဖြင့် ဖမ်းဆီးရ မိနိုင်ရေးအတွက် စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း၊ လက်ရှိ ဖမ်းဆီးရ မိသည့် တရားခံ သုံးဦးကို ၁၉၉၄ ခုနှစ် တောရိုင်း တိရစ္ဆာန်နှင့် သဘာဝ အပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၅(က)နှင့် ၃၇ (က) အရ ကြိုတင် တရားစွဲခွင့် ပြုကြောင်း သိရသည်။

ဓာတ်ပုံ - “ ငပုတောမှာ ၆ လအတွင်း ဆင် ၆ ကောင်အစွယ်ဖြတ်
အသတ်ခံရ သတင်း ” (ဧရာဝတီ)

မြဝတီ

No comments:

Post a Comment

My Blog List