Tuesday, February 05, 2013

KIA နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့ အလွတ်သဘောတွေ့ဆုံမှု၌ အခြားတိုင်းရင်းသားခေါင်းဆောင်အချို့ ပါဝင်

Photo: KIA နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့ အလွတ်သဘောတွေ့ဆုံမှု၌ အခြားတိုင်းရင်းသားခေါင်းဆောင်အချို့ ပါဝင်
Monday, 04 February 2013

ဖေဖော်ဝါရီလ ၄ရက်နေ့ မနက် ၉နာရီမှစတင်၍ ညနေ
၎နာရီကျော်အထိ တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ Jing Cheng ဟိုတယ်၌ ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့်
ကေအိုင်အိုအဖွဲ့သည် အလွတ်သဘော ငြိမ်းချမ်းရေး
တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ကြောင်း သိရပြီး ယင်း တွေ့ဆုံမှု
ဖြစ်မြောက်ရေးအတွက် တရုတ်အစိုးရမှ ကြီးမှူးကျင်းပပေး
ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အခု အလွတ်သဘောတွေ့ဆုံပွဲမှာ နှစ်ဦးနှစ်ဖက်က ဆက် သွယ်ရေးလမ်းကြောင်းတွေထားရှိဖို့၊ အပစ်အခတ်တွေ
လျှော့ချဖို့နဲ့ နောက်တစ် ကြိမ်တွေ့ဆုံပွဲမှာ သက်သေတွေနဲ့
လေ့လာတဲ့အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ဖို့ကိုပါ ထည့်သွင်း
ဆွေးနွေး ကြပါတယ်"ဟု အစိုးရ ငြိမ်းချမ်းရေး အဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

ယင်း အလွတ်သဘောတွေ့ဆုံမှု၌ KIA ဘက်မှ နောက်တစ်ကြိမ်
နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအား UNFC နှင့်ညှိနှိုင်း၍ ဖေဖော်ဝါရီ
လမကုန်ခင် ထပ်မံတွေ့ဆုံဆွေးနွေးလိုကြောင်း နှစ်ဦးနှစ်ဖက်၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

"ဒီတွေ့ဆုံမှုမှာ အစိုးရနဲ့ KIA တို့အကြား စစ်ပြေငြိမ်းရေးကို
အမြန်ဆုံး အကောင်အထည်ဖော်ပြီး ပဋိပက္ခဖြစ်ပွားတဲ့နေရာ
တွေမှာ စောင့်ကြည့် စစ်ဆေးမှုစနစ် ပေါ်ပေါက်ရန်ဆိုတဲ့အချက်ကို
ဆွေးနွေးဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်"ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

အဆိုပါတွေ့ဆုံမှုသို့ ပြည်ထောင်စုအစိုးရငြိမ်းချမ်းရေးအဖွဲ့မှ
ဒုဥက္ကဋ္ဌ ဦးအောင်မင်းနှင့် မွေးမြူရေးဝန်ကြီး ဦးအုန်းမြင့်
အပါအဝင် ငြိမ်းချမ်း ရေးအကျိုးတော်ဆောင်များအဖြစ် ဦးလှမောင်ရွှေ၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးတင်မောင်သန်းတို့ တက် ရောက်ဆွေးနွေးခဲ့ကြပြီး KIA/KIO ဗဟိုဦးဆောင်ကော်မတီဝင် ဦးဆွမ်လွတ်ဂမ်ဦးဆောင်၍ ဗိုလ်ချုပ်ဂွမ်မော် အပါအဝင် အခြား တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ယင်းအပြင် အခြားတိုင်းရင်းသားခေါင်းဆောင်များဖြစ်သည့်
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ KNU အထွေထွေ
အတွင်းရေးမှူး ဖဒိုကွယ် ထူးဝင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်
ရေးကော်မတီ RCSS/SSA မှ ခေါင်းဆောင်အချို့နှင့် တရုတ်
ုပည်သူ့သမ္မတနိုင်ငံ ကိုယ်စားလှယ်အဖြစ် နိုင်ငံ ခြားရေးဝန်ကြီး
ဌာနမှ သံအမတ်ကြီး မစ္စတာ လျိုကျောက်ဝေ့တို့မှ တက်ရောက်
ခဲ့ကြောင်း သိရသည်။

ထို့ပြင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့်အဖွဲ့သည်
ဖေဖော်ဝါရီလ ၅ရက်နေ့တွင် ကချင်ပြည်နယ်သို့ လူသားချင်း
စာနာ ထောက် ထားရေးလုပ်ငန်းစဉ်ဖြင့်စပ်လျဉ်း၍ ကချင်
ပြည်နယ်သို့သွားရောက်ရန် အစီအစဉ်ရှိကြောင်း ၎င်းတို့နှင့်
နီးစပ်သူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

TMA
Photo: Waiyan Moe Thone Thann Facebook
The Myanma Ageဖေဖော်ဝါရီလ ၄ရက်နေ့ မနက် ၉နာရီမှစတင်၍ ညနေ ၄နာရီကျော် အထိ တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ Jing Cheng ဟိုတယ်၌ ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့်ကေအိုင်အိုအဖွဲ့သည် အလွတ်သဘော ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ကြောင်း သိရပြီး ယင်း တွေ့ဆုံမှု
ဖြစ်မြောက်ရေးအတွက် တရုတ်အစိုးရမှ ကြီးမှူးကျင်းပပေးခဲ့ခြင်းဖြစ်ေ ကြာင်း သိရသည်။ "အခု အလွတ်သဘောတွေ့ ဆုံပွဲမှာ နှစ်ဦးနှစ် ဖက် က ဆက် သွယ်ရေးလမ်းကြောင်းတွေထားရှိဖို့၊ အပစ်အခတ်တွေလျှော့ ချဖို့နဲ့ နောက်တစ် ကြိမ်တွေ့ဆုံပွဲမှာ သက်သေတွေနဲ့လေ့လာတဲ့ အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ဖို့ကိုပါ ထည့်သွင်းဆွေးနွေး ကြပါတယ်"ဟု အစိုးရ ငြိမ်းချမ်းရေး အဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။ ယင်း အလွတ်သဘောတွေ့ဆုံမှု၌ KIA ဘက်မှ နောက်တစ်ကြိမ်
နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအား UNFC နှင့်ညှိနှိုင်း၍ ဖေဖော်ဝါရီလမကုန်ခင် ထပ်မံတွေ့ဆုံဆွေးနွေး လိုကြောင်း နှစ်ဦးနှစ်ဖက်၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

"ဒီတွေ့ဆုံမှုမှာ အစိုးရနဲ့ KIA တို့အကြား စစ်ပြေငြိမ်းရေးကိုအမြန်ဆုံး အကောင်အထည်ဖော်ပြီး ပဋိပက္ခဖြစ်ပွားတဲ့နေရာတွေမှာ စောင့်ကြည့် စစ်ဆေးမှုစနစ် ပေါ်ပေါက်ရန်ဆိုတဲ့အချက်ကိုဆွေးနွေးဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်"ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

အဆိုပါတွေ့ဆုံမှုသို့ ပြည်ထောင်စုအစိုးရငြိမ်းချမ်းရေးအဖွဲ့မှဒုဥက္ကဋ္ဌ ဦးအောင်မင်းနှင့် မွေးမြူရေးဝန်ကြီး ဦးအုန်းမြင့်အပါအဝင် ငြိမ်းချမ်း ရေးအကျိုးတော်ဆောင်များအဖြစ် ဦးလှမောင်ရွှေ၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးတင်မောင်သန်းတို့ တက် ရောက်ဆွေးနွေးခဲ့ကြပြီး KIA/KIO ဗဟိုဦးဆောင်ကော်မတီဝင် ဦးဆွမ် လွတ်ဂမ်ဦးဆောင်၍ ဗိုလ်ချုပ်ဂွမ်မော် အပါအဝင် အခြား တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် အခြားတိုင်းရင်းသားခေါင်းဆောင်များဖြစ်သည့်KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ KNU အထွေထွေအတွင်းရေးမှူး ဖဒိုကွယ် ထူးဝင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကော်မတီ RCSS/SSA မှ ခေါင်းဆောင်အချို့နှင့် တရုတ်ုပည်သူ့သမ္မတနိုင်ငံ ကိုယ်စားလှယ်အဖြစ် နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး မစ္စတာ လျိုကျောက်ဝေ့တို့မှ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့်အဖွဲ့သည်ဖေဖော်ဝါရီလ ၅ရက်နေ့တွင် ကချင်ြ ပည် နယ် သို့ လူသားချင်းစာနာ ထောက် ထားရေးလုပ်ငန်းစဉ်ဖြင့်စပ်လျဉ်း၍ ကချင်ပြည်နယ်သို့ သွားရောက်ရန် အစီအစဉ်ရှိကြောင်း ၎င်းတို့နှင့်နီးစပ်သူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

TMA
Photo: Waiyan Moe Thone Thann Facebook
The Myanma Age

No comments:

Post a Comment

My Blog List