
ဘိန်းဖြူမှုန့်များ သယ်ဆောင်လာသူ အမျိုးသမီး ငွားဝူမီးအား စစ်ဆေး ရာတွင် သယ်ဆောင် ခိုင်းသူမှာ အစ်ကို ဝမ်းကွဲ တော်စပ်သူ ဆောက်တားနှင့် ဇနီးအားနာဖောတို့ ဖြစ်ပြီး ၄င်းတို့ နှစ်ဦးသည် ခရီးသည်တင် ဗင်ကား အမှတ် အ/---ဖြင့် မန္တလေးသို့ လိုက်ပါမည် ဖြစ်ကြောင်း၊ မန္တလေး ရောက်လျှင် သယ်ဆောင် ခ ငွေကျပ် ခုနစ်သိန်း ပေးမည် ဖြစ်ကြောင်း ထွက်ဆိုသဖြင့် အဆိုပါ ယာဉ်အား ဖမ်းဆီး ရမိ နိုင်ရေးအတွက် မူးယစ် (အထူး) တပ်ဖွဲ့ဝင် များက အချိန်နှင့် တစ်ပြေးညီ ပိတ်ဆို့ ရှာဖွေခဲ့ရာ ထိုနေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင် လားရှိုးမြို့ အထွက် မယ်ဟန် ကျေးရွာ အနီးတွင် ဆောက်တားနှင့် ဇနီးဖြစ်သူ အားနာဖော တို့အား ဖမ်းဆီးရမိ သည်။
ထို့ကြောင့် မူးယစ်ဆေးဝါးများ သယ်ဆောင် ရောင်းဝယ်သူများ ဖြစ်သည့် ငွားဝူမီး ၃၈ နှစ် (ဘ)ဦးငွား တား နောင်ခမ်းရွာ သိန်းနီမြို့နယ် အားနာဖော ၃၉နှစ် (ဘ)ဦးနောဖာပါး လွယ်မယောင် ကျေးရွာ ပန်ဆိုင်း မြို့နယ်နှင့်ဆောက်တား ၄၃ နှစ် (ဘ)ဦးဆောက်တားယီး လွယ်မယောင် ကျေးရွာ ပန်ဆိုင်းမြို့ နယ် နေသူ တို့သုံးဦးအား လားရှိုးအမှတ်(၁)ရဲစခန်း မှ မယ(ပ)၂၁/ ၂ဝ၁၃ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရေး ယူအမှု ဖွင့်ထားကြောင်း သိရသည်။
http://www.myawady.net.mm/allnews/crimenews/item/6038-2013-02-03-10-26-31#.UQ5lwvJafro
မြ၀တီ
No comments:
Post a Comment