Thursday, February 07, 2013

တန်ဖိုးနည်းအိမ်ရာစီမံကိန်း အခြေခံလူတန်းစားများလိုအပ်ချက်နှင့် တစ်ထပ်တည်းမကျ တစ်ခန်းလျှင် ကျပ်၁၈၅ သိန်းမှ သိန်း ၂၀၀ ကြား ရှိမည်ဟုဆို

Photo: တန်ဖိုးနည်းအိမ်ရာစီမံကိန်း အခြေခံလူတန်းစားများလိုအပ်ချက်နှင့် တစ်ထပ်တည်းမကျ တစ်ခန်းလျှင် ကျပ်၁၈၅ သိန်းမှ သိန်း ၂၀၀ ကြား ရှိမည်ဟုဆို
Wednesday, February 06, 2013 

နိုင်ငံတော်အစိုးရက ဦးဆောင်အကောင်အထည်ဖော်နေသည့် တန်ဖိုးနည်း
အိမ်ရာများဖြစ်သော ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံ ကိန်းတို့မှာ အခြေခံလူတန်းစားများ လိုအပ်ချက်အခြေအနေနှင့် တစ်ထပ်တည်း
မကျကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၌ အကောင်အထည်ဖော်နေသော အဆိုပါစီမံကိန်းတွင် တိုက်ခန်းပေါင်းတစ်သောင်းကိုးထောင်ကျော် ပါ ၀င်ပြီး တိုက်ခန်းတစ်ခန်း၏ တန် ဖိုးမှာ ကျပ် ၁၈၅ သိန်းမှ သိန်း ၂၀၀ ကြား ရောင်းချမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး (၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

“ဒီစီမံကိန်းဖြစ်လာတာ စင်ကာပူက အရင်ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဂိုချောက်တောင်က ဒါလေးလုပ်ဖို့ အကြံပြုတယ်။ ကျွန်တော်လည်း စင်ကာပူကိုသွားပြီး လေ့လာတယ်” ဟု ဦးစိုးသိန်းကဆိုသည်။

အခြေခံလူတန်းစားများအတွက် မျှော်လင့်ချက်တစ်ခုအဖြစ် တန်ဖိုးနည်းအိမ်ရာများကို နိုင်ငံတော်က ဦးဆောင်အကောင်အထည်
ဖော်ပေးမှုကို ကြိုဆိုခဲ့သော်လည်း တိုက်ခန်းတစ်ခန်း၏ ဈေးနှုန်းပမာဏမှာ သာမန်လူများ ၀ယ်ယူနိုင်ခြင်းနှင့် ကင်းဝေးနေကြောင်း မဏ္ဍိုင်အိမ်ခြံမြေ
အကျိုးဆောင် ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးကဆိုသည်။

“တန်ဖိုးနည်းအိမ်ရာလေး မျှော်မိပြန်တော့လည်း ရွှေပြည်တော်မျှော်တိုင်းဝေးဆိုသလို ဖြစ်သွားပြီ” ဟု အိမ်ရှင်မ အမျိုးသမီး တစ်ဦးက အိမ်ဈေးနှုန်းများ
ကြားပြီး စိတ်ကျစကားဆိုသည်။

“ဓာတ်လှေကားမပါတဲ့ တိုက်ခန်းက ဈေးအပေါဆုံးပဲ။ ဓာတ်လှေကားနဲ့ဆို တန်ဖိုးနည်းမဖြစ်နိုင်တော့ဘူး” ဟု မြို့ပြတည်ဆောက်ရေးပညာရှင်
ဒေါက်တာကျော်လတ်ကဆိုသည်။

ယခု စီမံကိန်းအိမ်ရာများမှာ ၁၈ ထပ်မြင့်သည့် အဆောက်အအုံဖြစ်ပြီး
ပြုပြင်ထိန်းသိမ်းရေးစရိတ် ကြီးမားသဖြင့် တန်ဖိုးနည်းအိမ်ရာမဖြစ်နိုင်ကြောင်း
ဧဒင်ဆောက်လုပ်ရေးကုမ္ပဏီမှ ဥက္ကဋ္ဌဦးချစ်ခိုင်ကလည်း ထောက်ပြ
ပြောဆိုသည်။

“စင်ကာပူက လူတစ်ဦးရဲ့ ၀င်ငွေနဲ့ ဒီကလူတွေရဲ့ ၀င်ငွေကို ယှဉ်ကြည့်သင့်တယ်” ဟု Three Friend ဆောက်လုပ်ရေး ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ကိုကိုလေးက ဆိုသည်။

တန်ဖိုးနည်းခေါင်းစဉ်တပ်ပြီး အိမ်ရာတိုက်ခန်းများကို ကျပ်သိန်း ၁၀၀ အထက် မရောင်းသင့်ကြောင်း အိမ်ခြံမြေအကျိုးဆောင် များကလည်း
ပြောဆိုကြသည်။ လက်ရှိ ရောင်းချမည့် ကျပ်သိန်း ၁၈၀၊ သိန်း ၂၀၀ ဈေးနှုန်းများမှာ ရန်ကုန်မြို့တွင်း တိုက်ခန်းများဈေးပင် ဖြစ်နေသည်။ ပုဂ္ဂလိကမှ တည်ဆောက်နေသော တန်ဖိုးနည်းအိမ်ရာများအနက် ယုဇနဥယျာဉ်မြို့တော်၌ ၃ လွှာကို ကျပ်သိန်း ၅၀ ၀န်းကျင်၊ လှိုင်သာယာမြို့နယ် ကျန်စစ်သားအိမ်ရာတွင် သိန်း ၆၀ ၀န်းကျင်ရှိကြောင်း အကျိုးဆောင်များက ရှင်းပြသည်။

ထို့အပြင် ယခု စီမံကိန်းမှာ ရန်ကုန်မြို့တွင်းနှင့် ဝေးကွာသဖြင့် သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး အခြေခံလိုအပ်ချက် များဖြစ်သည့် ရေကောင်းရေသန့်ရရှိရေး၊ လျှပ်စစ်မီး မှန်မှန်ရရှိရေးတို့မှာ အဓိကစိန်ခေါ်ချက်ဖြစ်နေကြောင်း ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။

7Day News Journalနိုင်ငံတော်အစိုးရက ဦးဆောင်အကောင်အထည်ဖော်နေသည့် တန်ဖိုး နည်း အိမ်ရာများဖြစ်သော ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံ ကိန်းတို့မှာ အခြေခံလူတန်းစားများ လိုအပ်ချက်အခြေအနေနှင့် တစ်ထပ်တည်း
မကျကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။
ဒဂုံဆိပ်ကမ်းမြို့နယ်၌ အကောင်အထည်ဖော်နေသော အဆိုပါစီမံကိန်း တွင် တိုက်ခန်းပေါင်းတစ်သောင်းကိုးထောင်ကျော် ပါ ၀င်ပြီး တိုက်ခန်း တစ်ခန်း၏ တန် ဖိုးမှာ ကျပ် ၁၈၅ သိန်းမှ သိန်း ၂၀၀ ကြား ရောင်းချ မည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး (၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ပြောကြားသည်။ “ဒီစီမံကိန်းဖြစ် လာတာ စင်ကာပူက အရင်ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဂိုချောက်တောင်က ဒါလေးလုပ်ဖို့ အကြံပြုတယ်။ ကျွန်တော်လည်း စင်ကာပူကိုသွားပြီး လေ့လာတယ်” ဟု ဦးစိုးသိန်းကဆိုသည်။
အခြေခံလူတန်းစားများအတွက် မျှော်လင့်ချက်တစ်ခုအဖြစ် တန်ဖိုးနည်းအိမ်ရာများကို နိုင်ငံတော်က ဦးဆောင်အကောင်အထည်ဖော်ပေးမှုကို ကြိုဆိုခဲ့သော်လည်း တိုက်ခန်းတစ်ခန်း၏ ဈေးနှုန်းပမာဏမှာ သာမန်လူများ ၀ယ်ယူနိုင်ခြင်းနှင့် ကင်းဝေးနေကြောင်း မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးသန်းဦးကဆိုသည်။

“တန်ဖိုးနည်းအိမ်ရာလေး မျှော်မိပြန်တော့လည်း ရွှေပြည်တော်မျှော်တိုင်းဝေးဆိုသလို ဖြစ်သွားပြီ” ဟု အိမ်ရှင်မ အမျိုးသမီး တစ်ဦးက အိမ်ဈေးနှုန်းများကြားပြီး စိတ်ကျစကားဆိုသည်။ “ဓာတ်လှေကားမပါတဲ့ တိုက်ခန်းက ဈေးအပေါဆုံးပဲ။ ဓာတ်လှေကားနဲ့ဆို တန်ဖိုးနည်းမဖြစ်နိုင်တော့ဘူး” ဟု မြို့ပြ တည်ဆောက်ရေး ပညာရှင်ဒေါက်တာကျော်လတ်ကဆိုသည်။

ယခု စီမံကိန်းအိမ်ရာများမှာ ၁၈ ထပ်မြင့်သည့် အဆောက်အအုံဖြစ်ပြီးပြုပြင်ထိန်းသိမ်းရေးစရိတ် ကြီးမားသဖြင့် တန်ဖိုးနည်းအိမ်ရာမဖြစ်နိုင်ကြောင်းဧဒင်ဆောက်လုပ်ရေးကုမ္ပဏီမှ ဥက္ကဋ္ဌဦးချစ်ခိုင်က လည်း ထောက်ပြပြောဆိုသည်။“စင်ကာပူက လူတစ်ဦးရဲ့ ၀င်ငွေနဲ့ ဒီကလူတွေရဲ့ ၀င်ငွေကို ယှဉ်ကြည့် သင့်တယ်” ဟု Three Friend ဆောက်လုပ်ရေး ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ကိုကိုလေးက ဆိုသည်။

တန်ဖိုးနည်းခေါင်းစဉ်တပ်ပြီး အိမ်ရာတိုက်ခန်းများကို ကျပ်သိန်း ၁၀၀ အထက် မရောင်းသင့်ကြောင်း အိမ်ခြံမြေအကျိုးဆောင် များကလည်းပြောဆိုကြသည်။ လက်ရှိ ရောင်းချမည့် ကျပ်သိန်း ၁၈၀၊ သိန်း ၂၀၀ဈေးနှုန်းများမှာရန်ကုန်မြို့တွင်း တိုက်ခန်းများဈေးပင် ဖြစ်နေသည်။ ပုဂ္ဂလိကမှ တည်ဆောက်နေသော တန်ဖိုးနည်းအိမ်ရာများအနက် ယုဇနဥယျာဉ်မြို့တော်၌ ၃ လွှာကို ကျပ်သိန်း ၅၀ ၀န်းကျင်၊ လှိုင်သာယာ မြို့နယ် ကျန်စစ်သားအိမ်ရာတွင် သိန်း ၆၀ ၀န်းကျင်ရှိကြောင်း အကျိုးဆောင်များက ရှင်းပြသည်။

ထို့အပြင် ယခု စီမံကိန်းမှာ ရန်ကုန်မြို့တွင်းနှင့် ဝေးကွာသဖြင့် သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး အခြေခံလိုအပ်ချက် များဖြစ်သည့် ရေကောင်းရေသန့်ရရှိရေး၊ လျှပ်စစ်မီး မှန်မှန်ရရှိရေးတို့မှာ အဓိက စိန်ခေါ်ချက်ဖြစ်နေကြောင်း ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။

7Day News Journal

No comments:

Post a Comment

My Blog List