
ဓာတုဆေးခြောက်ဟာ Spice သို့မဟုတ် K2 လို့လည်း ခေါ်ကြပြီး အရွက်ခြောက်ပေါင်းစုံပါဝင်ပြီး ဓာတုဆေးရည်များနဲ့ ရောစပ်ထား တာ ဖြစ်ပါတယ်။ ဓာတ်ဆီဆိုင်တွေမှာ အနှံ့အသက်မွှေးစေတဲ့ potpourri အထုတ်လေးတွေ အဖြစ် ရောင်းချကြပါတယ်။ အမေရိကန်ရဲ့ ပြည်နယ်များစွာ မှာ တားမြစ်ထားကြပြီး ထုတ်လုပ်သူတွေက ပါဝင်တဲ့ပစ္စည်းတချို့ကို အစားထိုးထည့်သုံးကြပြီး ဈေးကွက်မှာ ပြန်လည်ရောင်းနေခဲ့ပါတယ်။
Emily Bauer က အဆိုပါ ဆေးခြောက်ကို ရှုရှိုက်ခဲ့ပြီး ၁၅ မိနစ်အကြာမှာခေါင်းတွေကိုက်ခဲ့တယ်လို့ သူ့ချစ်သူကို ဖုန်းဆက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သွေးတိုးတွေဖြစ်ပြီး စိတ်ဖော်ပြန်သလိုဖြစ်ကာ၊ နံရံကိုပြေးတိုက်တာ၊ သေးပေါက်ချတာ၊ ကြမ်းကြမ်းတမ်းတမ်းဖြစ်ခဲ့တယ်လို့ သူရဲ့ညီမဖြစ်သူက CNN သတင်းကို ပြောပြခဲ့ပါတယ်။
ရဲတွေရောက်လာပြီး သူ့ကိုဆေးရုံပို့ခဲ့ပါတယ်၊ ဆေးရုံမှာ သူနာပြု တယောက်ကို ကိုက်ဖို့ကြိုးစားခဲ့ ပါသေး တယ်။ နောက်ပိုင်းမှာ ဦးနှောက်နဲ့အာရုံကြောအထူးပြုဆရာဝန် က Emily ရဲ့ ဦးနှောက်ကိုဓာတ်မှန်ရိုက် ထားပြီး အဖြူရောင်အကွက်တွေက အာရုံကြောတွေသေနေတာဖြစ်ကြောင်း ပြသခဲ့ပြီး ဓာတ်ပုံထဲမှာ အဖြူရောင်တွေက ၇၀% လောက် ရှိနေတယ်လို့ အမေဖြစ်သူ Tonya Bauer က ပြောပြပါတယ်။
ဆရာဝန်တွေရဲ့ ကြိုးစားမှုကြောင့် Emily Bauer က အသက်ရှင်ခဲ့ရပေမယ့် မျက်လုံးတွေ မမြင်ရတော့ ပါဘူး၊ လက်တွေခြေတွေ မလှုပ်ရှားနိုင်တော့ပါဘူး။ အခုအချိန်မှာ Emily Bauer ရဲ့ မိသားစုတွေက S.A.F.E (Synthetic Awareness For Emily) အဖွဲ့ကို တည်ထောင်ထားပြီး လူငယ်များကို ဓာတုချက်ေ ဆးခြောက်ရဲ့ အန္တရာယ်ကို အသိပေး ပညာပေးမှုတွေ လုပ်ပေးနေပါတယ်။
ဖေ့စ်ဘုတ်စာမျက်နှာ https://www.facebook.com/safe4emily
မှာလည်း သွားရောက်လေ့လာနိုင်ပါတယ်။
(Ref; DailyMail UK, Feb 04, 2013, http://tinyurl.com/bjk45jt)
Myanmar1
No comments:
Post a Comment