Tuesday, February 05, 2013

ကောင်းမြတ်ကျော် တွဲရေယာဉ် ဆီထည့်စဉ် ရုတ်တရက် ပေါက်ကွဲ မီးလောင် နစ်မြုပ်

မြဝတီ စက်သုံးဆီ ရောင်းချခြင်း လုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် လှိုင်မြို့နယ် ဘုရင့်နောင် လမ်းမကြီး လှိုင်မြစ်ကမ်းရှိ ဘုရင့်နောင် အိုဝမ်း ဆိပ်ကမ်းတွင် ဖေဖော်ဝါရီ ၄ ရက်နေ့ ညနေ၄ နာရီခွဲချိန် ၌ ရပ်ထားသည့် မြဝတီ (ဝဝ၃) တွန်း/ တွဲ ရေယာဉ်မှ ပုဂ္ဂလိကပိုင် ဆီဝယ် ရေယာဉ် အောင်သုခ ဧရာ တွန်းသင်္ဘောနှင့် ကောင်းမြတ်ကျော် တွဲရေယာဉ်များသို့ စက်သုံးဆီ ဒီဇယ် များ ရောင်းချ ဆီထည့် ပေးနေစဉ် ညနေ ၅ နာရီ ၁၅ မိနစ် ချိန်ခန့်တွင် ကောင်းမြတ်ကျော် တွဲရေယာဉ်မှ ရုတ်တ ရက် ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။မီးလောင်မှု ဖြစ်စဉ်ကြောင့် ကောင်းမြတ်ကျော် ရေယာဉ်နှင့် အောင်သုခ ဧရာ ရေယာဉ်များမှာ ကြိုးပြတ်၍ ဘုရင့်နောင် အိုဝမ်း ဆိပ်ကမ်းအောက် ကိုက် ၂ဝဝ ခန့်အထိ မျောပါပြီး ရွှေစင်ဟိန်း ဆိပ်ကမ်း ရှေ့၌ ညနေ ၅ နာရီခွဲ တွင် ကောင်းမြတ်ကျော် ရေယာဉ်မှာ နစ်မြုပ် သွားခဲ့သည်။

၎င်းဖြစ်စဉ် ဖြစ်ပွားမှုကြောင့် မြဝတီ စက်သုံးဆီ လုပ်ငန်းမှ သေဆုံး/ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ သော် လည်း မြဝတီ (ဝဝ၃) တွန်း/တွဲ ရေယာဉ်၏ အင်ဂျင်ခန်းနှင့် စက်မောင်းခန်းတို့ မီးလောင် ကျွမ်းခဲ့၍ ပျက်စီးမှုများ ရှိခဲ့ပြီး ပုဂ္ဂလိက ပိုင် ရေယာဉ်နှစ်စင်းမှ သေဆုံးသူ လေးဦးနှင့် ဒဏ်ရာ ရရှိသူ နှစ်ဦးတို့အား ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင် ခဲ့ကြောင်းနှင့် ကောင်းမြတ်ကျော် တွဲရေယာဉ် ပေါက်ကွဲ မီးလောင်မှု အတွက် လိုအပ်သည့် စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း သက်ဆိုင်ရာမှ သတင်း ရရှိသည်။

http://bit.ly/UTTlWm

No comments:

Post a Comment

My Blog List