ရန်ကုန်မြို့၊ မင်္ဂလာဒုံစက်မှုဇုန်(၄)ရှိ ဆင်ဖုံကျေးရွာတွင် လယ်သမား များ ပြန်လည်တားမြစ်ထားသော လယ်မြေ တွင် ဇေကမ္ဘာကုမ္ပဏီမှ ဝန်ထမ်းများနှင့်လယ်သမားများအပြန်အလှန်စကားများကြသောကြောင့် လယ်သမားများကို ရဲများကလာရောက် သတိပေးထားကြောင်း (PDP)ဥက္ကဌ ကိုနေမျိုးဝေက ပြောကြားသည်။ဖေဖော်ဝါရီလ (၃)နေ့တွင် စက်မှုဇုံအတွင်းရှိလယ်မြေများအတွင်း ဇေကမ္ဘာ ကုမ္ပဏီမှ မန်နေဂျာ ဦးမြင့်ဇော်နှင့်အတူ ၀န်ထမ်းများကမြေတူး စက်ကြီး(၂)စီးဖြင့် လယ်မြေများကို ထိုးကြရာ လယ်သမားများက ၀င်ရောက်တား ဆီး သ ဖြင့် အပြန်အလှန် စကားများခဲ့ကြခြင်းဖြစ်ကြောင်း လယ်သမားခေါင်းဆောင်ဦးစံဝင်းမြင့် က ပြောကြားခဲ့ သည်။“မန်နေဂျာဦးမြင့်ဇော်ကမင်းတို့ကိုပြစ်မှု ဖြစ်အောင်လုပ်မယ်။ ငါ့ကို ရိုက်ရဲရင်ရိုက်လို့ ပြောတယ်။ ကျွန်တော်တို့က မရိုက်ပါဘူး” ဟုလယ်သမား ဦးမြင့်သိန်းက ပြောကြားသည်။
ထို့နောက် ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် ရဲများရောက်လာ၍ လယ်သမားများကို လက်ရှိမြို့နယ်မှူးက “ဟိုဖက်ဒီဖက် နှစ်ဖက်လုံး တရားဥပဒေအရ လုပ်ကြပါ”ဟု ပြောကြားပြီး လူစုလူဝေးဖြင့် လယ်ယာမြေ အတွင်း စကားများခြင်းကို ခွင့်မပြုနိုင်ကြောင်းပြောကြားထားသည်။
ယင်းလယ်မြေများသည် ၁၉၉၇ခုနှစ်တွင် အိုးအိမ်ဦးစီးဌာနနှင့်ဇေကမ္ဘာကုမ္ပဏီတို့က သိမ်းဆည်း ထားခြင်းဖြစ်ပြီး လယ်သမား၁၅၇ဦးအတွက် ပေ၂၀x၆၀မြေကွက်များ ပေးမည်ဟု အိုးအိမ်မှဦးစံမတူက
ပြောကြားခဲ့သည်။ ထို့နောက်၂၀၁၂ခုနှစ်တွင် အိုးအိမ်မှ ဦးစီးမှူးဒေါ်ခင်မေအေးကလည်း ယင်းအိမ်ယာ များအား တောင်သူများသို့ ပေးရမည်မှာ မှန်ကန်ကြောင်းပြောကြားထားသည်။ ယခုကိစ္စကိုလည်း ဌာနဆိုင်ရာ အသီးသီးသို့ တင်ပြထားကြောင်း သိရသည်။
ပိုင်ဇင်ဌေး
The Myanma Age
No comments:
Post a Comment