Tuesday, February 05, 2013

မြန်မာ နိုင်ငံ၏ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်၊ ဘဏ္ဍာရေးနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး



ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကမ္ဘာ့ဘဏ်မှ International Finance Corporation (IFC) ၏ Executive Vice Presidentနှင့် CEO Mr. Jin-Yong Cai ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ အား ယနေ့နံနက် ၁၁ နာရီ တွင် နေပြည်တော် ရှိ နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။တွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတ နှင့်အတူ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး များ ဖြစ်ကြ သည့် ဦးစိုးသိန်းနှင့် ဦးလှထွန်း၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန့်ကျော်၊ မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာ၌ မြန်မာ နိုင်ငံ၏ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်စွမ်းအား ဆိုင်ရာ ကဏ္ဍများ၊ ပြည်သူ့ ဘဏ္ဍာရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များ အပေါ် အတွေ့ အကြုံများ ပံ့ပိုးမျှဝေ ကူညီပေးသွား နိုင်ရေးအတွက် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

http://bit.ly/YyT0bq

No comments:

Post a Comment

My Blog List