Monday, February 04, 2013

နာမည် ကျော်ကြားမှု ရလိုခြင်းအတွက် ပရဟိတ လုပ်ငန်းများ လုပ်နေခြင်း မဟုတ်ကြောင်း ဘီလ်ဂိတ် ပြောကြား

Photo: နာမည် ကျော်ကြားမှု ရလိုခြင်းအတွက် ပရဟိတ လုပ်ငန်းများ လုပ်နေခြင်း မဟုတ်ကြောင်း ဘီလ်ဂိတ် ပြောကြား 	
Sunday, 03 February 2013

ကမ္ဘာ့အချမ်းသားဆုံး ပုဂ္ဂိုလ်ထဲမှ တစ်ဦးနှင့် ပရဟိတလုပ်ငန်း လုပ်နေသူတစ်ဦးဖြစ်သည့် ဘီလ်ဂိတ်က နာမည်ကျော်ကြားမှု ရရှိလိုမှုအတွက် ပရဟိတလုပ်ငန်းများ လုပ်နေခြင်း မဟုတ်ကြောင်းနှင့် မိမိသေဆုံးခဲ့ပြီးနောက် ပိုလီယိုနှင့် အခြားသော အဓိကရောဂါများ အမြစ်ဖြတ် ချေမှုန်းခဲ့မှုများကို အမေ့ခံရလျှင်လည်း ဂရုစိုက်မည် မဟုတ်ဟု ပြောကြားခဲ့သည်။ "ကျွန်တော် ဘာလုပ်ခဲ့တယ်ဆိုတာတွေ အားလုံး အမှတ်ရနေဖို့ မလိုလားပါဘူး" ဟု မိုက်ခရိုဆော့ဖ် ကုမ္ပဏီ ပူးတွဲတည်ထောင်သူ အသက် ၅၇ နှစ်အရွယ်ရှိ ဂိတ်က ပြောကြားခဲ့သည်။

ဖော့စ်ဘ်၏ ခန့်မှန်းချက်အရ ဘီလ်ဂိတ်၏ ချမ်းသာကြွယ်ဝမှုမှာ အမေရိကန်ဒေါ်လာ ၆၆ ဘီလျံရှိပြီး မက္ကဆီကို နိုင်ငံသား ဆက်သွယ်ရေး
လုပ်ငန်းရှင် ဘီလျံနာ ကားလို့စလင်းပြီးလျှင် ဒုတိယမြောက် အချမ်းသာဆုံး ဘီလျံနာဖြစ်သည်။ ဂိတ်က ကုမ္ပဏီမှ နုတ်ထွက်ပြီးနောက် သူ၏ဘီလ်နှင့် မယ်လင်ဒါဂိတ် ဖောင်ဒေးရှင်းကို အာရုံစိုက် လုပ်ဆောင်နေသည်။

ဘီလ်ဂိတ်၏ ဖောင်ဒေးရှင်းသည် ရောဂါများ တိုက်ဖျက်ရေးနှင့် အလွန်အမင်း ဆင်းရဲမွဲတေမှု ပပျောက်ရေး စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၂၅ ဘီလျံ အသုံးပြုထားပြီးဖြစ်သည်။ ကျန်ရှိသည့် အမေရိကန်ဒေါ်လာ ၃၆ ဘီလျံကိုလည်း လှူဒါန်းသွားမည် ဖြစ်သည်။

"ကျွန်တော်နဲ့ ဇနီးဟာ အနှစ် ၂၀ အတွင်းမှာ ကျွန်တော်တို့ ပိုင်ဆိုင်သမျှကို ကျွန်တော်တို့ ရှိရှိ၊ မရှိရှိ ဖောင်ဒေးရှင်းအတွက် သုံးဖို့ ဆုံးဖြတ်ထားပါတယ်" ဟု ဂိတ်က ဆိုသည်။

ဂိတ်၏ ဖောင်ဒေးရှင်းက ပိုလီယိုရောဂါ အမြစ်ပြတ် ချေမှုန်းရေးကို ဦးတည်လုပ်ဆောင်နေပြီး ယခုအခါ အိန္ဒိယတွင် ပိုလီယိုဖြစ်ပွားမှုကို အမြစ်ဖြတ် ချေမှုန်းနိုင်ခဲ့ပြီ ဖြစ်သည်။

"ပိုလီယိုဟာ ရောဂါတစ်ခု အဖြစ်သာမက အမြစ်ဖြတ် ချေမှန်းသင့်တဲ့
ရောဂါတစ်ခုပါ။ ဆယ်စုနှစ်များစွာ တိုက်ဖျက်နေတဲ့ ငှက်ဖျားရောဂါတောင် အမြစ်ပြတ်ဖို့ နီးစပ်လာပါပြီ" ဟု ဂိတ်က ဆိုသည်။

ချမ်းသာသည့် နိုင်ငံများက ဆင်းရဲသည့် နိုင်ငံများရှိ အစိုးရများကို သမားရိုးကျ အကူအညီများ ပေးနေမှုသည် ထိရောက်မှု မရှိဘဲ ပိုမို ဆိုးရွားစေနိုင်ကြောင်း၊ အစိုးရနှင့် ပရဟိတ လုပ်ငန်းတို့သည် သဘောသဘာဝ မတူကြောင်း ဂိတ်က ထောက်ပြခဲ့သည်။

Ref:AFP
Eleven Media Groupကမ္ဘာ့အချမ်းသားဆုံး ပုဂ္ဂိုလ်ထဲမှ တစ်ဦးနှင့် ပရဟိတလုပ်ငန်း လုပ်နေ သူတစ်ဦးဖြစ်သည့် ဘီလ်ဂိတ်က နာမည်ကျော်ကြားမှု ရရှိလိုမှုအတွက် ပရဟိတလုပ်ငန်းများ လုပ်နေခြင်း မဟုတ်ကြောင်းနှင့် မိမိသေဆုံး ခဲ့ ပြီးနောက်ပိုလီယိုနှင့်အခြားသောအဓိကရောဂါများအမြစ်ြ ဖတ် ချေ မှုန်း ခဲ့မှုများကို အမေ့ခံရလျှင်လည်း ဂရုစိုက်မည် မဟုတ် ဟု ပြောကြား ခဲ့သည်။ "ကျွန်တော် ဘာလုပ်ခဲ့တယ်ဆိုတာတွေ အားလုံး အမှတ်ရနေ ဖို့ မလိုလားပါဘူး" ဟု မိုက်ခရိုဆော့ဖ် ကုမ္ပဏီ ပူးတွဲတည်ထောင်သူ အသက် ၅၇ နှစ်အရွယ်ရှိ ဂိတ်က ပြောကြားခဲ့သည်။
ဖော့စ်ဘ်၏ ခန့်မှန်းချက်အရ ဘီလ်ဂိတ်၏ ချမ်းသာကြွယ်ဝမှုမှာ အမေရိကန်ဒေါ်လာ ၆၆ ဘီလျံရှိပြီး မက္ကဆီကို နိုင်ငံသား ဆက်သွယ်ရေးလုပ်ငန်းရှင် ဘီလျံနာ ကားလို့စလင်းပြီးလျှင် ဒုတိယမြောက် အချမ်း သာဆုံး ဘီလျံနာဖြစ်သည်။ ဂိတ်က ကုမ္ပဏီမှ နုတ်ထွက်ပြီးနောက် သူ၏ဘီလ်နှင့် မယ်လင်ဒါ ဂိတ် ဖောင်ဒေးရှင်းကို အာရုံစိုက် လုပ်ဆောင်နေသည်။
ဘီလ်ဂိတ်၏ ဖောင်ဒေးရှင်းသည် ရောဂါများ တိုက်ဖျက်ရေးနှင့် အလွန်အမင်း ဆင်းရဲမွဲတေမှု ပပျောက်ရေး စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၂၅ ဘီလျံ အသုံးပြုထားပြီးဖြစ်သည်။ ကျန်ရှိသည့် အမေရိ ကန်ဒေါ်လာ ၃၆ ဘီလျံကိုလည်း လှူဒါန်းသွားမည် ဖြစ်သည်။
"ကျွန်တော်နဲ့ ဇနီးဟာ အနှစ် ၂၀ အတွင်းမှာ ကျွန်တော်တို့ ပိုင်ဆိုင်သမျှကို ကျွန်တော်တို့ ရှိရှိ၊ မရှိရှိ ဖောင်ဒေးရှင်းအတွက် သုံးဖို့ ဆုံးဖြတ်ထားပါတယ်" ဟု ဂိတ်က ဆိုသည်။
ဂိတ်၏ ဖောင်ဒေးရှင်းက ပိုလီယိုရောဂါ အမြစ်ပြတ် ချေမှုန်းရေးကို ဦးတည်လုပ်ဆောင်နေပြီး ယခုအခါ အိန္ဒိယတွင် ပိုလီယိုဖြစ်ပွားမှုကို အမြစ်ဖြတ် ချေမှုန်းနိုင်ခဲ့ပြီ ဖြစ်သည်။
"ပိုလီယိုဟာ ရောဂါတစ်ခု အဖြစ်သာမက အမြစ်ဖြတ် ချေမှန်းသင့်တဲ့ရောဂါတစ်ခုပါ။ ဆယ်စုနှစ်များစွာ တိုက်ဖျက်နေတဲ့ ငှက်ဖျားရောဂါတောင် အမြစ်ပြတ်ဖို့ နီးစပ်လာပါပြီ" ဟု ဂိတ်က ဆိုသည်။
ချမ်းသာသည့် နိုင်ငံများက ဆင်းရဲသည့် နိုင်ငံများရှိ အစိုးရများကို သမားရိုးကျ အကူ အညီ များ ပေးနေ မှု သည် ထိရောက်မှု မရှိဘဲ ပိုမို ဆိုးရွားစေနိုင်ကြောင်း၊ အစိုးရနှင့် ပရဟိတ လုပ်ငန်းတို့သည် သဘော သဘာဝ မတူကြောင်း ဂိတ်က ထောက်ပြခဲ့သည်။

Ref:AFP
Eleven Media Group

No comments:

Post a Comment

My Blog List