Tuesday, February 05, 2013

နိုင်ငံတိုးတက်ရေး တွင်ကြုံရမည့်အခက်အခဲများအား ပြည်သူများနှင့် အတူရင်ဆိုင်ဖြတ်ကျော်သွားမည်ဟုဒေါ်အောင်ဆန်းစုကြည်ပြောကြား

Photo: နိုင်ငံတိုးတက်ရေး တွင်ကြုံရမည့်အခက်အခဲများအား ပြည်သူများနှင့်
အတူရင်ဆိုင်ဖြတ်ကျော်သွားမည်ဟုဒေါ်အောင်ဆန်းစုကြည်ပြောကြား
Monday, 04 February 2013 

နိုင်ငံတိုးတက်ရေးအတွက်ကြုံတွေ့လာမည့်အခက်အခဲများအား ပြည်သူများ
နှင့် အတူ ရင်ဆိုင်ဖြတ်ကျော်သွား မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

ဖေဖ်ာဝါရီ ၄ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမစတင်မီတွင်
ဟာဝိုင်ယီနှင့် တောင်ကိုရီးယားနိုင်ငံတို့မှပြန်လည်ရောက်ရှိလာသည့်
ဒေါ်အောင်ဆန်းစုကြည်က မီဒီယာတို့အား ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“အမေ့အနေနဲ့ကတော့ ဟာဝိုင်အီတို့ ကိုရီးယားတို့မှာ ကောင်းကောင်း
နေရပါတယ်။သူတို့နိုင်ငံတွေဟာ သိပ်တိုးတက်ကြတယ်။ဒါပေမယ့်လည်း အမေမမက်မော ပါဘူး။ ကိုယ့်နိုင်ငံကိုလည်း အရမ်းတိုးတက်စေချင်တယ်။
ကိုယ့်နိုင်ငံတိုးတက်ဖို့ ကိုယ့်ပြည်သူတွေနဲ့အတူဖြတ်ကျော်သွားမယ်။
နိုင်ငံကိုလည်း မတူတဲ့ပုံစံတစ်မျိုးနဲ့ တိုးတက်စေချင်တယ်။ထပ်ပြောမယ်။
မီဒီယာတွေလည်း အရေးကြီးတယ်နော်”” ဟုသူမကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ၎ ပထမအကြိမ် ပြည်သူ့
လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးသို့တက်ရောက်လာစဉ်တွင် မီဒီယာတို့ကို အထက်ပါအတိုင်းပြောကြားခဲ့သည်။ 

သူမသည် ဇန်န၀ါရီ နောက်ဆုံး အပတ်က အမေရိန်ပြည်ထောင်စု ဟာဝိုင်ယီနှင့် တောင်ကိုရီးယားနိုင်ငံ အိုလံပစ်အထူးပွင့်ပွဲသို့သွားရောက် ခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိကာ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးသို့တက်ရောက်ခဲ့သည်။

ဗညားဦး(နေပြည်တော်)
Yangon Media Group

နိုင်ငံတိုးတက်ရေးအတွက်ကြုံတွေ့လာမည့်အခက်အခဲများအား ပြည်သူများ နှင့် အတူ ရင်ဆိုင်ဖြတ်ကျော် သွား မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
ဖေဖ်ာဝါရီ၎ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမစတင်မီတွင်ဟာဝိုင်ယီနှင့် တောင်ကိုရီးယားနိုင်ငံတို့မှပြန်လည်ရောက်ရှိလာသည့်
ဒေါ်အောင်ဆန်းစုကြည်က မီဒီယာတို့အား ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ “အမေ့အနေနဲ့ကတော့ ဟာဝိုင်အီတို့ ကိုရီးယားတို့မှာ ကောင်းကောင်းနေရပါတယ်။သူတို့နိုင်ငံတွေဟာ သိပ်တိုးတက်ကြတယ်။ ဒါပေမယ့်လည်း အမေမမက်မော ပါဘူး။ ကိုယ့်နိုင်ငံကိုလည်း အရမ်းတိုးတက်စေချင်တယ်။ ကိုယ့်နိုင်ငံ တိုးတက် ဖို့ ကိုယ့်ပြည်သူတွေနဲ့အတူဖြတ်ကျော်သွားမယ်။နိုင်ငံကိုလည်း မတူတဲ့ပုံစံတစ်မျိုးနဲ့ တိုးတက်စေချင်တယ်။ထပ်ပြောမယ်။မီဒီယာတွေလည်း အရေးကြီးတယ်နော်”” ဟုသူမကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ၎ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးသို့တက်ရောက်လာစဉ်တွင် မီဒီယာတို့ကို အထက်ပါအတိုင်းပြောကြားခဲ့သည်။

သူမသည် ဇန်န၀ါရီ နောက်ဆုံး အပတ်က အမေရိန်ပြည်ထောင်စု ဟာဝိုင်ယီနှင့် တောင်ကိုရီးယားနိုင်ငံ အိုလံပစ်အထူးပွင့်ပွဲသို့သွားရောက် ခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိကာ ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးသို့တက်ရောက်ခဲ့သည်။

ဗညားဦး(နေပြည်တော်)
Yangon Media Group

No comments:

Post a Comment

My Blog List