Monday, February 04, 2013

မြန်မာနိုင်ငံ၏ အခြေခံပညာရေး ကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၂၂ သန်း အား သြစတေးလျနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့မှ ထောက်ပံပေးအပ်

Photo: မြန်မာနိုင်ငံ၏ အခြေခံပညာရေး ကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၂၂ သန်း အား သြစတေးလျနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့မှ ထောက်ပံပေးအပ်  
Monday, 04 February 2013

သြစတြေးလျနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့မှ မြန်မာနိုင်ငံ၏ အခြေခံပညာ ကဏ္ဍ မူလတန်း ပညာရေးအတွက် ဒေါ်လာ ၂၂ သန်း ထောက်ပံ့ပေးအပ်
သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၂၂ သန်းအား မူလတန်း ပညာရေး ကျောင်းသားပေါင်း တစ်သိန်းခြောက်သောင်းကျော်၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် သင်ကြားပေးနေသော
ဆရာ နှစ်ထောင့်ငါးရာခန့်နှင့် ကျောင်းနေအရွယ် ကလေးငယ် ငါးသောင်းခန့်အား ပညာသင်ကြားပေးနိုင်ရေးအတွက် ထောက်ပံ့
ပေးအပ်ခြင်းဖြစ်ကြောင်း ဇန်န၀ါရီ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသော သြစတြေးလျသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

"မြန်မာနိုင်ငံရဲ့ အခြေခံပညာ မူလတန်း ပညာရေး သင်ကြားသင့်တဲ့ ကလေးငယ် ၅ သန်းခန့် ရှိပေမယ့်လည်း သူတို့ထဲက တစ်ဝက်လောက်ပဲ မူလတန်းပညာ သင်ကြားနိုင်ပါတယ်။ အဲဒီအတွက် သြစတြေးလျနိုင်ငံ
က ဗြိတိန်နိုင်ငံ၊ မြန်မာအစိုးရတို့နဲ့ ပူးပေါင်းပြီး ဒီကလေးတွေ ပညာသင်ကြားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမှာပါ" ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က ပြောကြားခဲ့ပါသည်။

ထို့အပြင်  သြစတြေးလျနိုင်ငံမှ လာမည့်လေးနှစ်တာ ကာလအတွင်း ပညာသင်ဆုများနှင့် အခြေခံပညာ မှုလတန်း ပညာရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀ ထပ်မံထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း
သိရှိရပြီး မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် အများဆုံး ကူညီ
ထောက်ပံ့ခဲ့ကြောင်း ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။  
       
Eleven Media Groupသြစတြေးလျနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့မှ မြန်မာနိုင်ငံ၏ အခြေခံပညာ ကဏ္ဍ မူလတန်း ပညာရေးအတွက် ဒေါ်လာ ၂၂ သန်း ထောက်ပံ့ပေး အပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၂၂ သန်းအား မူလတန်း ပညာရေးကျောင်းသားပေါင်းတစ်သိန်းခြောက်သောင်းကျော်၊ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများတွင်သင်ကြားပေးနေသောဆရာ 
 နှစ်ထောင့်ငါးရာခန့်နှင့် ကျောင်းနေအရွယ် ကလေးငယ် ငါးသောင်းခန့်အား ပညာသင် ကြားပေးနိုင်ရေး အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ဇန်န၀ါရီ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသော သြစတြေးလျ သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။"မြန်မာနိုင်ငံရဲ့ အခြေခံပညာ မူလတန်း ပညာရေး သင်ကြားသင့်တဲ့ ကလေးငယ် ၅ သန်းခန့် ရှိပေမယ့်လည်း သူတို့ထဲက တစ်ဝက်လောက်ပဲ မူလတန်းပညာ သင်ကြားနိုင်ပါတယ်။ အဲဒီအတွက် သြစတြေးလျနိုင်ငံက ဗြိတိန်နိုင်ငံ၊ မြန်မာအစိုးရတို့နဲ့ ပူးပေါင်းပြီး ဒီကလေးတွေ ပညာသင်ကြားနိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားမှာပါ" ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က ပြောကြား ခဲ့ပါသည်။

ထို့အပြင် သြစတြေးလျနိုင်ငံမှ လာမည့်လေးနှစ်တာ ကာလအတွင်း ပညာသင်ဆုများနှင့် အခြေခံပညာ မှုလတန်း ပညာရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀ ထပ်မံထောက်ပံ့ ပေးအပ်သွား မည်ဖြစ်ကြောင်းသိရှိရပြီး မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် အများဆုံး ကူညီထောက်ပံ့ခဲ့ကြောင်း ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

Eleven Media Group

No comments:

Post a Comment

My Blog List