တက္ကသိုလ်ကျောင်းသူတဦးကို
ဟိုတယ်ခန်းထဲခေါ်ပြီး အဓမ္မ လိင်ဆက်ဆံဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့
စွပ်စွဲချက်အတွက် အိုလံပစ်ရွှေတံဆိပ်ဆု နှစ်ခု ပိုင်ရှင် ဂျပန်လူမျိုး အူချိ ရှီဘ မဆတို့စံ(Uchishiba Masato)ကို ထောင်ဒဏ် (၅)နှစ် ချသင့်တယ်လို့ အစိုးရ ရှေ့နေတွေက တောင်းဆိုလိုက်ပါတယ်။
ဂျူဒိုသင်တန်းနည်းပြတဦးဖြစ်တဲ့ မဆတို့စံဟာ ကျူရှုး သူနာပြုတက္ကသိုလ်မှာ သူ့သင်တန်းထဲက ကျောင်းသူ တစ်ဦးနဲ့ ကာရာအိုကေဆိုင် သွား သောက်စားပြီး အပြန် မူးနေတဲ့ ကျောင်းသူလေးကို ဟိုတယ်ခန်းထဲ အိပ်ပျော်နေတုန်း အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခံရတာပါ။ မဆတို့စံကတော့ သူတို့ နှစ်ဦးကြားရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး သူ့မှာ အပြစ်မရှိတဲ့အတွက် ခွင့်လွှတ်ဖို့ အသနားခံထားပါတယ်။
ဒီအဖြစ်အပျက်ဟာ ၂၀၁၁ စက်တင်ဘာလ တိုကျိုမှာဖြစ်ပွါးခဲ့ပါတယ် အမှုကို လာမယ့် ဇန်န၀ါရီလထဲမှာ အမိန့်ချဖို့ ရှိပါတယ်။ အသက် ၃၄နှစ်အရွယ် မဆတို့စံဟာ ၂၀၀၄ နဲ့ ၂၀၀၈ခုနှစ် ၆၆.ကီလိုတန်း အိုလံပစ် ဂျူဒိုပြိုင်ပွဲတွေမှာ ရွှေတံဆိပ် နှစ်ကြိမ်ဆက်တိုက် ဆွပ်ခူးခဲ့သူ ဖြစ်ပါတယ်။ A
Ref: Japan Today
Burma-Newselite

No comments:
Post a Comment