Monday, September 03, 2012

ပြန်ကြားရေးဝန်ကြီးသစ်ဦးအောင်ကြည်က အရပ်ဘက်အဖွဲ့အစည်းများကို ချုပ်ချယ်သွားမည်မဟုတ်

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသစ် ဦးအောင်ကြည်က ယင်း၏ဋ္ဌာနနှင့် ဆက်စပ်နေသော အရပ်ဘက်အဖွဲ့အစည်းများကို စည်းမျဉ်းစည်းများ ပြဋ္ဌာန်း၍ ချုပ်ချယ်သွားမည် မဟုတ်ကြောင်း ပြောကြားလိုက်သည်။

"ကိုယ်ဘာသာကိုယ်ပြဋ္ဌာန်းပြီးတော့မှ ကိုယ်ဘာသာကိုယ်စောင့်ထိ
န်းပြီးတော့မှ ဂုဏ်သိက္ခာအတွက် ဆောင်ရွက်သွားတဲ့ အဖွဲ့အစည်းတွေဖြစ်အောင် ကျွန်တော်ဆောင်ရွက် သွားပါမယ်" ဟု စက်တင်ဘာ ၂ ရက် နံနက်က ရုပ်ရှင်အစည်းအရုံးတွင် ပြုလုပ်သောေ
တွ့ဆုံပွဲ၌ ဦးအောင်ကြည်က ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်သည် ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းလည်းဖြစ်သည်။ ရုပ်ရှင်အစည်းအရုံး၌ ပြုလုပ်သော တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment

My Blog List