Friday, September 07, 2012

လယ်သမားအရေး ဆောင်ရွက်နေသူ လုံထိန်းရဲ လိုက်လံဖမ်းဆီး

Friday, September 07, 2012

 စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း တစ်ဝိုက် ကျေးရွာတွေက လယ်သိမ်း ခံ တောင်သူလယ်သမားတွေ အရေး ကို ဆောင်ရွက်ပေးနေတဲ့ ရန်ကုန် ပြည်သူ့ အကျိုးဆောင်ကွန်ရက် အဖွဲ့ဝင် လေးဦးကို ရာနဲ့ချီတဲ့ လုံထိန်းရဲတွေက လက်နက်ကိရိယာ အပြည့်အစုံနဲ့ မနေ့ ည ၁၁ နာရီလောက်က ဆည်တဲရွာမှာ ဝင်ရောက်ရှာဖွေခဲ့ ကြပါတယ်။
အဲသလိုဖြစ်ကြရာမှာ လုံထိန်းရဲတွေဟာ ရွာသူရွာသား (၅၀၀) ကျော်နဲ့ ထိပ်တိုက် တွေ့ခဲ့ကြရတယ်လို့ လယ်သမားအရေး ကူညီဆောင်ရွက်နေသူ ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ရက်က မအေးသင်းက အခုလို ပြောပါတယ်။
“ကိုဟန်ဝင်းအောင်တို့၊ ကိုအောင်စိုးတို့ ပြီးတော့ ကိုသောင်းထိုက်တို့၊ ကိုသော်ဇင်တို့ သူတို့ကိုဖမ်းဖို့ ဝင်လာတာ။ လော လောဆယ်တော့ သူတို့အဖမ်းမခံရသေးဘူး။ သူတို့က အပြင်မှာ။ သူတို့လာမယ်ဆိုတဲ့ သတင်းကို ကျွန်တော်တို့က သိထား တယ်။ သိထားတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့လည်း ကင်းတွေချထားတယ်။ ရွာပတ်ပတ်လည်မှာ ကင်းတွေချ ထား တယ်။ အခု အရှေ့ကင်းတဲကနေ သူတို့ဝင်လာတဲ့ အတွက်ကြောင့်မို့လို့ အရှေ့ကင်းတဲကလူတွေက ဖုန်းဆက်တဲ့ အခါ ကျတော့ ရွာသားတွေ အကုန်လုံးက သူတို့ကိုလောလောဆယ် အပြင်ပေးမထွက်ဘူး။ ဘုန်းကြီးကျောင်းထဲမှာပဲ ထား တယ်။ 
 
အခုတော့ ရွာသားတွေ အင်အား ၅၀၀ လောက်က တုတ်တွေ၊ ဓားတွေနဲ့ စောင့်နေတယ်။ မိန်းမတွေရော၊ ယောင်္ကျား တွေရော အကုန်လုံးစုပြီး ဒီရွာသားတွေ စောင့်နေတယ်”
အာဏာပိုင်တွေဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာ ဆန္ဒပြ လယ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အဲဒီ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်က အဖွဲ့ဝင် ကိုဝေဠုကို စက်တင်ဘာ (၁) ရက်နေ့က ဖမ်းဆီးထိန်းသိမ်း လိုက်ပြီး နောက်ပိုင်း ကျန်ကွန်ရက်အဖွဲ့ဝင်တွေကို လိုက်လံ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ကိုဝေဠုကို လောလောဆယ် ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားပြီး မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေး သေးဘူးလို့ အဲဒီ ကွန်ယက် အဖွဲ့ဝင်တွေက ပြောပါတယ်။ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ယက်ကို အခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး အမာခံ အဖွဲ့ဝင် ၂၀ ကျော် ရှိတယ်လို့ သိရပါတယ်။

No comments:

Post a Comment

My Blog List