Friday, September 07, 2012

ငွေများ ပြင်ဆင်ထားရန် အာမခံကုမ္ပဏီများသို့ မြန်မာ့အာမခံသတိပေး

Friday, September 07, 2012

အာမခံလုပ်ငန်းလုပ်ကိုင်ရန်လျှောက်လွှာတင်ဒါခေါ်ယူရာတွင် ကုမ္ပဏီ (၂ဝ)လျှောက်ထားရာ ကုမ္ပဏီ(၁၂)ခုအား စက်တင်ဘာလ (၅)ရက်နေ့ က မြန်မာ့အာမခံလုပ်ငန်းမှရွေးချယ်လိုက် ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီ(၁၂)ခုအနက် ဘဏ်(၄)ခု ပါဝင်သည်။စက်တင်ဘာလ (၇) ရက်နေ့မှ စက်တင်ဘာလ(၂ဝ) ရက်နေ့တွင် ကုမ္ပဏီများမှတ်ပုံတင် မည်ဖြစ်ပြီး အာမခံလုပ်ငန်းလိုင်စင်ကို (၁၅) ရက်အတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မှတ်ပုံတင်ရရှိပြီးသော ကုမ္ပဏီဝန်ထမ်းများကို မြန်မာ့အာမခံလုပ်ငန်းမှ သင်တန်းနှစ်လပို့ချ ပေးမည်ဖြစ်သည်။

ယခုအာမခံကုမ္ပဏီအဖြစ် ရွေးချယ်ခံရသော ကုမ္ပဏီများသည် အာမခံငွေများကို အောက်တိုဘာလ (၂၇)ရက်နေ့ တွင် ပြင်ဆင်ထားရမည်
ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်း ဥက္ကဌ ဦးအေးမင်းသိန်းက ဆိုသည်။

အသက်အာမခံကုမ္ပဏီဖြစ်ပါက သန်း ခြောက်ထောင်ဒီပိုစစ်တင်ရမည်ဖြစ်ပြီး
အထွေထွေ အာမခံကုမ္ပဏီလျှင် သန်းလေးသောင်း ဒီပိုစစ်တင်ရမည်
ဖြစ်သည်။

''အသက်အာမခံရော အထွေထွေအာမခံပါက ပြုလုပ်ရင် သန်းပေါင်း
လေးသောင်း ခြောက်ထောင်ဘဏ်ကိုသွင်းရမှာ ဖြစ်ပါတယ်။ လျော်ကြေး တကယ်တမ်း ပေးရမယ်ဆိုရင် ထွက်ပြေးသွားမှာစိုးလို့ ခိုင်မာမှုယူတဲ့ သဘောပါ။'' ဟု မြန်မာ့ အာမခံလုပ်ငန်း ဥက္ကဌ ဦးအေးမင်းသိန်းက
ပြောသည်။

မိမိတို့ မတည်ငွေရင်းများထားရခြင်းမှာ ပြည်သူလူထုကို ကာကွယ်သည့်
အခါတွင် ခိုင်မာမှု ရှိစေရန်ကာကွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

" အာမခံလုပ်ငန်းကုမ္ပဏီတွေ ဒီပိုစစ်တင်ဖို့ ငွေကို မြန်မာ့စီးပွားရေးဘဏ်
မှာပဲ ကျွန်တော် တို့ ထည့်ခိုင်းမှာပါဖြစ်ပါတယ်။" ဟု မြန်မာ့အာမခံလုပ်ငန်း ဥက္ကဌ ဦးအေးမင်းသိန်းက ယခုကဲ့သို့ ရှင်းပြသည်။

ဧပြီလ(၂၇)ရက်နေ့တွင် အာမခံလုပ်ငန်းလျှောက်ထားနိုင်ကြောင်း နိုင်ငံပိုင်
သတင်းစာများ တွင် ကြေငြာခဲ့ခြင်းဖြစ်ပြီး လျှောက်လွှာများကို မေလ (၂)ရက်နေ့တွင် စတင်ရောင်းချကာ ဇွန်လ(၂၉)ရက်နေ့တွင် လျှောက်လွှာ
ခေါ်ယူမှုပိတ်ခဲ့သည်။

ခရီးသွားပြည်သူများအနေနှင့် ခရီးသွားလက်မှတ်(၁ဝဝ)ကျပ်တန် ဝယ်ယူပါက မိမိဆုံးရှုံးနစ်နာမှု တခုဖြစ်ခဲ့လျှင် ငွေကျပ်ကိုးသိန်း ရရှိမှာကို မစဉ်းစားမိပဲ ငွေကျပ် (၁ဝဝ)ကုန်မည်ကို စဉ်းစားနေသည့် ပြည်သူ
အများအပြား ရှိနေသေး ကြောင်း ကုမ္ပဏီဝန်ထမ်းများက သုံးသပ်ပြော
ဆိုသည်။

" ကျွန်တော်တို့ နိုင်ငံမှာ အာမခံလုပ်ငန်းတွေ တွင်ကျယ်လာတဲ့ အတွက်ကောင်းပါတယ်။ ဒါပေမယ့် ပြည်သူလူထုက အာမခံလုပ်ငန်းရဲ့
ကောင်းကျိုးကို သိဖို့လိုအပ်နေသေး တယ်လို့ ကျွန်တော်ထင်တယ်။'' ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ ကိုဝေဇင်က ပြောသည်။

No comments:

Post a Comment

My Blog List