Tuesday, September 04, 2012

သမ္မတထောက်ခံပွဲ ဖျက်သိမ်းခံရ

ခွင့်ပြုထားသော လူဦးရေထက်ကျော်လွန်ကာ ဆန္ဒထုတ်ဖော်မှု များ ကြောင့် မန္တလေးတွေင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အား ထောက်ခံ သည့် ဆန္ဒဖောက်ထုတ်ပွဲများ မကျင်းပတော့ရန် ဒေသအာဏာပိုင် များက တားမြစ်လိုက်သည်။

ထိုသို့တားမြစ်ထားသော်လည်း မန္တလေးမြို့ရှိ ဘုန်းတော်ကြီး ကျောင်း အချိုမှ သံယာတော်များ ဦးဆောင်ကာ ဆန္ဒထုတ်ဖော်မှုများ ဆက် လက် ပြုလုပ် ခဲ့ကြသည်။ " ဦးသိန်းစိန်ရဲ့ ဒီရခိုင်အရေးမှာ ပြတ်ပြတ် သားသားပြောခဲ့တာကို ဦးဇင်းတို့ က ထောက်ခံတဲ့အနေနဲ့ ဆန္ဒ ထုတ်ဖော်တာ ဒါကို တားတယ်ဆိုတာ ဘာသဘောလဲစဉ်းစား လို့ကို မရဘူး သူတို့တွေကို လူတစ်ရာပဲ ဆန္ဒဖော်ထုတ်မယ် လို့ပြော ထား တယ် တကယ်လဲလူတစ်ရာပါပဲ ရန်ကုန်ကနေ လေးယောက် လောက် ပါပါရစေ ဆိုလို့ ခွင့်ပြုတယ် နောက် NLD လဲပါတယ် ဒါကိုတားတယ်ဆိုပြီးမနေ့ကစ မလုပ်ခိုင်းတော့ဘူး အဲဒီတော့ ဦးဇင်းက အတိုက်အခံ ဖြစ်ရမယ့် ကိစ္စဆိုတော့ မလုပ်တော့ဘူး ကျောင်းကကိုရင်လေးတွေကိုလည်းမှာထားတယ် ဒါပေမယ့် တစ်ခြား ကျောင်းက လုပ်ရင်တော့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ဦးဇင်းမှာမယ်ဒါပါပဲ''ဟု တိုင်းဒေသကြီးအစိုးရထံ ဆန္ဒထုတ်ဖော်ခွင့် တရားဝင်တောင်းခံခဲ့သော ဦးဇင်းတစ်ပါးကပြောကြားသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင် လူတစ်ရာသာ စီတန်း လှည့်လည်သော်လည်း ဘေးပတ်ဝန်းကျင်မှ လူများ သံယာတော် များကပါ ၀န်းရံပါဝင်လာခြင်းကြောင့် လူဦးရေ သောင်းဂဏန်းအထိ ပါဝင်ခဲ့ကြောင်း မျက်မြင်များ၏ ပြောကြားချက် အရ သိရသည်။

No comments:

Post a Comment

My Blog List