Saturday, September 08, 2012

သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တရားဥပဒေ စိုးမိုးရေး နယ်ပယ်မှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ

 Saturday, September 08, 2012

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေး ခန်းမ၌ တရားဥပဒေ စိုးမိုးရေး နယ်ပယ်မှ ပုဂ္ဂိုလ်များ၊ ဥပဒေ ပညာရှင်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်  ဒေါ်ညိုညိုသင်းက ပြောကြားသည်။
ယင်းကဲ့သို့ တွေ့ဆုံရာတွင် ဥပဒေ အရာရှိများ၊ တရားသူကြီးများ၊ ရဲတပ်ဖွဲ့ဝင်များ သာမက တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များပါ ပါဝင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီကို သြဂုတ်လ၇ ရက်နေ့တွင် ပြုလုပ်သော ပထမ အကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေးတွင် ဖွဲ့စည်းခဲ့သည်။

No comments:

Post a Comment

My Blog List