ရခိုင်ပြည်နယ်တွင် ဇွန်လကဆူပူ
အကြမ်းဖက် ဖြစ်ပေါ်ပြီးနောက်
ဘင်္ဂလီများ၏ခြိမ်းခြောက်မှု၊အကြမ်း
ဖက်မှုများ ဆက်လက်ရှိနေခြင်းသည် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်ပေါ်နေရသည်ဟု ဘူးသီးတောင်မှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ
ဦးထွန်းအောင်သိန်းက ပြောသည်။
" ကျေးရွာတွေ အတွင်းမှာသာ လုံခြုံရေးချပေးထားနိုင်တာ၊ ဒေသခံတွေ
လုပ်ငန်းခွင်ထိ လိုက်ပြီး လုံခြုံရေးမပေးနိုင်ဘူး၊ လက်လုပ်၊ လက်စားတွေ
တောတောင်တွေကိုမသွားနိုင်၊ ငါးမရှာနိုင်၊
အပြင်မှာတွေ့ရင် ရိုက်တာ၊ သတ်တာတွေ ခံနေရတယ်။ ရွာသားတွေက စိတ်ဓါတ်ရေးပိုင်း
ဆိုင်ရာတွေ ကျဆင်းလာတယ်။
သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်း၊ ဥစ္စာ လယ်၊ ယာမြေကအစ ရောင်းပြီးထွက်ခွာ သွားမယ်ဆိုရင်
ဘင်္ဂလီတွေ နယ်မြေဖြစ်သွားလိမ့်မယ်။ ဒီလိုကိစ္စမျိုးတွေ ဆက်လက်ရှိနေခြင်းဟာ တရားဥပဒေ
စိုးမိုးမှု မရှိဘူးလို့ ပြောလို့ရတယ်။ တရားဥပဒေ စိုးမိုးပြီး လုံခြုံစိတ်ချစွာနဲ့ နေနိုင်ဖိုတော့
လိုအပ်ပါတယ်။ " ဟု ဦးထွန်းအောင်သိန်းက ပြောသည်။
စက်တင်ဘာ (၂) ရက်နေ့က ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာမှ
အသက်(၁၆)နှစ်အရွယ် မရီရီသန်းအား ဘင်္ဂလီများ အကြမ်းဖက်ခြင်းကို
ခံခဲ့ရကြောင်း သတင်းရရှိသည်။
" ဒီလ (၂) ရက်နေ့ကလည်း ပြင်ရှည်ရွာက ကလေးမလေးတစ်ယောက်ကို ဘင်္ဂလီတွေ
ဓါးနှင့်ခုတ်လို့ ဆေးရုံရောက်နေတယ်။ ပြင်ရှည်ကျေးရွာက မရီရီသန်း ခမီးရွာက
ပြန်လာတော့ အုတ်တောင်ကျေးရွာတောင်ဘက် ဘုန်းတော်ကြီး ကျောင်းဟောင်း
အရောက်မှာ ဘင်္ဂလီ(၂၀) လောက်ရှိနေတယ်။ အဲဒီ အုပ်စုထဲက တစ်ယောက်ကထွက်လာပြီး
မရီရီသန်းကို လိုက်ခုတ်တော့ ဘယ်ဖက်ခြေထောက်မှာ ဒဏ်ရာရပြီး
ဆေးရုံရောက်နေတယ်။ " ဟု သူကပြောသည်။
ဘူးသီးတောင်မြို့ အေးစေတီဘုန်းတော်ကြီးကျောင်းအနီး အမှတ်(၅)ရပ်ကွက်တွင် နေထိုင်သူ
ဦးထွန်းရွှေလှိုင် အသက်(၄၀)နှစ်မှာလည်း
ကင်းချောင်းကျေးရွာအုပ်စု၊ ဒု-ကင်းချောင်းကျေးရွာအနီး ဥယျာဉ်ခြံတစ်ခု၌
သြဂုတ်လတွင် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပြီး ရသေ့တောင်မြို့နယ် နေဗီ
ဆိပ်ကျေးရွာမှ ဦးသာမောင်မှာလည်း ဇူလိုင်လ (၂၅)
ရက်နေ့က ပျေက်ဆုံးသွားရာမှ (၂၇) ရက်နေ့တွင် ညောင်ပင်လှကျေးရွာ
မော်တော်ဘုတ်ဆိပ်တွင် အလောင်းကို တွေ့ရှိရာ
ဒေသဆိုင်ရာ အာဏာပိုင်များက သဂြိုလ်ခဲ့ကြသေးသည်။
လွန်ခဲ့သော ဇွန်လက ရခိုင်တိုင်းရင်းသားများအပါအ၀င် အခြားတိုင်းရင်းသားများမှာလည်း
ဘင်္ဂလီများ၏ အကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
လက်ရှိကာလအထိ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများမှာ ဘင်္ဂလီများအား စိုးရိမ်ကြောက်ရွံ့နေရခြင်း
ကြောင့် မိမိတို့ လုပ်ငန်းများကို သွားရောက် မလုပ်ကိုင်ဝံ့ဘဲ နေထိုင်ရေးနှင့် စားသောက်ရေး အခက်အခဲ ရောက်နေရကြောင်း သတင်းရရှိသည်။
ယခုကဲ့သို့ ရခိုင်တိုင်းရင်းသားများ မကြာခဏဆိုသလို သတ်ဖြတ်ခံနေရခြင်းသည် နိုင်ငံတော်
အစိုးရ၏ လုံခြုံရေးအစီအစဉ် ညံ့ဖျင်းမှု၊
တာဝန်မကျေပွန်မှုကြောင့် ပြည်သူများလုံခြုံမှု မရရှိကြောင်းနှင့်
ပါတီအနေဖြင့် ပြည်ပမှ မည်သည့် ကျူးကျော်မှုကိုမဆို ရခိုင်ပြည်သူနှင့်
လက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားရန် ဆုံးဖြတ်ထားကြောင်းကို ရခိုင်ပြည်
လွတ်မြောက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ခိုင်သုခ ကပြောသည်။
Arakan Times News
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment