Saturday, September 08, 2012

အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အချက်အလက်ရှာဖွေရေးအဖွဲ့ မြန်မာနိုင်ငံသို့ ၁၀ ရက်ကြာ ခရီးရောက်ရှိ

Saturday, September 08, 2012

 အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC သည် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ဒေသ၌ ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာနှင့် အစ္စလမ်ဘာသာဝင်များအကြား အကြမ်းဖက်မှုဖြစ်စဉ်များအပေါ် စုံစမ်းစစ်ဆေးမည့် အချက်အလက်ရှာဖွေရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့သည်။ ထိုအဖွဲ့သည် ယမန်နေ့က ရန်ကုန်မြို့သို့ ရောက်ရိ
ှခဲ့ပြီး ၁၀ ရက်ကြာနေထိုင်မည်ဖြစ်ကာ ၎င်းတို့၏ ရှာဖွေတွေ့ရှိချက်များကို မကြာမီကျင်းပမည့် ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ တင်ပြရန် ပြင်ဆင်ထားသည်။ ယခုအဖွဲ့သည် OIC ၏ အထွေထွေအတွင်းရေးမှူးချုပ် အက်ကမယ်လက်ဒင် ဘီဆာနိုဂလူ၏ ခရီးစဉ်အကြို လာရောက်ခြင်းလည်း ဖြစ်သည်။

မြန်မာအစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးကိုကိုလှိုင်ကလည်း ၎င်းတို့အဖွဲ့၏ ခရီးစဉ်ကို ကြိုဆိုခဲ့ပြီး "ဒီခရီးစဉ်ဟာ အမြင်လွဲမှုတွေကို ရှင်းလင်းပေးနိုင်မှာပါ အစ္စလမ်ကမ္ဘာက ပူပန်မှုတွေ ဖော်ပြခဲ့ပါတယ်။ အဓိကအားဖြင့် သတင်းမှားတွေကြောင့် ဖြစ်ပါတယ်"ဟုပြောကြားသည်။

No comments:

Post a Comment

My Blog List