Tuesday, September 04, 2012

ယနေ့ မွန်းလွဲ(၂)နာရီ(၃၀)မိနစ်ကစတင်ရွာသွန်းခဲ့သည့် မိုးကြောင့် မန္တလေးမြို့တွင်ရေကြီးနေ

ယနေ့ မွန်းလွဲ(၂)နာရီ(၃၀)မိနစ်ကစတင်ရွာသွန်းခဲ့သည့် မိုးကြောင့် မန္တလေးမြို့ရှိ လူသုံးအများဆုံးအဓိကလမ်းမကြီးများဖြစ်သော လမ်း ၈၀ နှင့် ၇၈ လမ်းတို့တွင် ရေကြီးရေလျှံမှုများ နာရီဝက်အတွင်းဖြစ်ပေါ်ခဲ့သည်။


အခြားလမ်းအချို့လည်းရေကြီးနစ်မြှုပ်မှုဖြစ်ပွားခဲ့သည်။ လမ်းပေါ်ရေကြီးရေလျှံမှုကြောင့် ဆိုင်ကယ်နှင့်ကားများပျက်ခြင်း၊ချို့င့်ခွက်များကိုမမြင်၍ ဆိုင်ကယ်နှင့်စက်ဘီးများ လဲခြင်းတို့ဖြစ်ပေါ်နေသည်ကိုတွေ့ရသည်။ ကျောင်းဆင်းရုံးဆင်းချိန်ဖြစ်သောကြောင့် ယာဉ်ကြောပိတ်ဆို့မှုများလည်းကြုံတွေ့နေရသည်။


မန္တလေးမြို့တွင် ယခုနှစ်မိုးရာသီအစမှ စ၍ ယနေ့ကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းမရှိခဲ့ကြောင်း မြို့ခံတစ်ဦးကပြောသည်။ယနေ့ရွာသွန်းသည့်မိုးသည် တိုက်ဆိုင်စွာပင် မန္တလေးတွင် ပြုလုပ်နေသည့် ဆန္ဒဖော်ထုတ်ပွဲများ ပြီးဆုံးချိန်တွင် ရွာသွန်းခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

My Blog List