Thursday, September 06, 2012

အများသုံး ဝိုင်ဖိုင်များတွင် Facebook သုံးသူများ Account Hacking လုပ်ခံရနိုင်

Facebook ဆိုရှယ် နက်ဝပ် သုံးစွဲ သူများ user အနေဖြင့် မိမိတို့၏ Facebook User Account များကိုသုံးစွဲရာတွင် အများသုံး ဖရီးဝိုင်ဖိုင်နက်ဝပ် ဧရိယာ များတွင် သုံးစွဲခြင်းဖြင့်Hack ခံရမှု အန္တရာယ် ပိုမိုနီးစပ်ကြောင်း သိရှိရသည်။ အ များသုံး ဝိုင်ဖိုင်ဧရိယာများတွင် သုံး စွဲသူများ၏Facebok အကောင့် များကိုHack ပြုလုပ်ရန်အတွက် ပိုမိုလွယ်ကူပြီး ထိုသို့Hacking ပြုလုပ်ရန်အတွက် ဆော့ဖ်ဝဲများ လည်းရှိကြောင်း သိရှိရသည်။
“အခုဆိုရင်Facebook အကောင့်ကိုHack လုပ်တဲ့ဆော့ဖ်ဝဲတစ်မျိုးရှိပါတယ်။ အဲဒါက မိုဘိုင်းဖုန်းထဲကနေ အများသုံးဝိုင် ဖိုင်ဧရိယာအတွင်းမှာ သုံးနေတဲ့ Facebook user ရဲ့အကောင့်ကို Hack လိုက်လို့ရပါတယ်။Hack ခံရတဲ့သူရဲ့အကောင့်ထဲကိုဝင်ပြီး သုံးပြီးစတေးတပ်စ်တွေတင်တာ၊ ပုံတွေတင်တာမျိုး ပြုလုပ်လို့ရပါ တယ်။
Password ကိုပါ ပြောင်း ပစ်လိုက်လို့ရပါတယ်။ ဒါ့ကြောင့် အများသုံး ကော်ဖီဆိုင်တွေလို၊ စူ ပါမားကတ်တွေလို ဝိုင်ဖိုင်ဧရိယာ တွေမှာ Facebook သုံးရင် သတိ ထားပြီး သုံးဖို့ လိုပါတယ်။ အဲဒီ နေရာတွေမှာFacebook သုံးတဲ့ User တွေရဲ့ အကောင့်နာမည်ကိုသိရုံနဲ့ မိမိပရိုဖိုင်းလင့်ခ်ကိုယူပြီး ကိုယ်နဲ့နက်ဝပ်တစ်ခုတည်းမှာ သုံး နေတဲ့သူက ဆော့ဖ်ဝဲသုံးပြီး မိမိ အကောင့်ကိုHacking ပြုလုပ်လို့ ရနိုင်ပါတယ်။
အထူးသဖြင့် မိန်း ကလေးတွေအတွက် အန္တရာယ်ရှိ ပါတယ်။ အဲဒီHacking Software က အလကားရတဲ့အပြင် သုံးရတာလွယ်ကူတော့ ကိုယ့်အ ကောင့်ကိုHack ပြီး၊ ကိုယ့်ဝေါလ် ပေါ်မှာ မဟုတ်မဟပ်ပုံတွေ တင် သွားနိုင်တာကြောင့် အဲဒီလိုနေရာ တွေမှာFacebook သုံးရင် သတိ ထားကြဖို့ လိုပါတယ်” ဟု 1st Myanmar Mobile App Meeting ပွဲတွင် Mobile Developer တစ်ဦးကပြောသည်။
၎င်းHacking ဆော့ဖ်ဝဲများ မှာAndroid ဖုန်းသုံးHacking Software များဖြစ်ပြီး၊ အများသုံး ဝိုင်ဖိုင်ဧရိယာတစ်ခု (သို့မဟုတ်) ကွန်ရက်တစ်ခုအတွင်း အသုံးပြုနေ သူအား မိုဘိုင်းဖုန်းအသုံးပြုကာ Facebook Account အား Hacking ပြုလုပ်နိုင်သည့် ဆော့ဖ် ဝဲများဖြစ်ပြီး ၄င်းတို့ကို ကာကွယ် နိုင်သည့် ဆော့ဖ်ဝဲများရှိသော် လည်း သာမာန် User များအနေ ဖြင့်Free wi-fi ဧရိယာများတွင် အသုံးပြုပါက သတိရရန် လိုအပ် ကြောင်း၎င်းက ထပ်မံပြောပြခဲ့ သည်။
ထို့ပြင် အင်တာနက်အသုံးပြု သူuser များနေဖြင့် အများသုံး Public Access Center များ တွင် အင်တာနက်အသုံးပြုရာတွင် လည်း မိမိတို့၏ Password များ ကို ဆော့ဖ်ဝဲခံ၍သိရှိအောင် ပြုလုပ် ထားတတ်သူများ အန္တရာယ်မှ ရှောင်ရှားနိုင်ရန်အတွက်လည်း ကွန်ပျူတာရှိ On Screen Keyboard ကို အသုံးပြုပြီး မိမိတို့၏ ဂျီမေးလ်နှင့်Facebook Account များကိုSing In ပြုလုပ် သင့် ကြောင်းကိုလည်း ပြောပြခဲ့ သည်။

No comments:

Post a Comment

My Blog List