Thursday, September 06, 2012

“စားသောက်ကုန် ဓါတုအဆိပ်သင့်မှု ကာကွယ်ရေးအသိပညာပေးမှု စတင်ဆောင်ရွက်မည်”

အစားအသောက်နှင့်လူသုံးကုန်ပစ္စည်းများ ဓါတုအဆိပ်သင့်ခြင်းများမှ ကာကွယ်တားဆီးရန် အသိပညာပေးမှုအပတ်စဉ်ပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံ စာသုံးသူကာကွယ်ရေးအသ
င်းမှ သိရှိရသည်။

ယင်းသင်တန်းအား စက်တင်ဘာလ ၉ ရက်မှစကာ အပတ်စဉ်တနင်္ဂနွေ နေ့လည် ၁နာရီမှ ၄နာရီအထိအသိပညာပေးပို့ချသွားမည်ဖြစ်ပြီး၊အသင်းဝင်များ သာမက မည်သူမဆို တက်ရောက်နိုင်သည်။
အဆိုပါသင်တန်းတွင် သဘာဝဆေးပညာရပ် ၊အောဂဲနစ်စိုက်ပျိုးရေးပညာရပ်များကို သင်ကြားပေးမည်ဖြစ်ပြီး ဆရာဝန်များမှလည်းကျွမ်းကျင်ရာဘာသာရပ်အလိုက်သင်တန်းပို့ချသွားမည်ဟု သိရသည်။မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း ကိုအဖွဲ့ဝင် ၂၅၀ ကျော်နှင့် သြဂုတ်လ ၂၆ ရက်၌ ကော်မတီ ၆ခုနှင့်စတင်ဖွဲ့စည်းခဲ့သည်။အစားသောက်ဆိုင်ရာ အန္တရာယ်များအားအသိပညာပေးခြင်း၊သတိပေးခြင်း ၊အန္တရာယ်ရှိ စားသောက်ကုန်ထုတ်လုပ်မှုများကို ထိရောက်စွာအရေးယူသွားမည်ဟုအဆိုပါ အသင်းဥက္ကဌ ဦးဗအုပ်ခိုင်က ပြောသည်။အဆိုပါ သင်တန်းနှင့်ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၁၆၄၄၀၉၀ သို့ဆက်သွယ်စုံစမ်းနိုင်သည်။

No comments:

Post a Comment

My Blog List