Thursday, September 06, 2012

အီးယူအဖွဲ့ဝင် နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု အားလုံးရုပ်ရန် တိုက်တွန်းမည်ဟု ပြင်သစ်လွှတ်တော်အမတ် ပြောကြား

ရန်ကုန်၊ စက်တင်ဘာ ၆
 ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ များအား မြန်မာနိုင်ငံအပေါ် စီး ပွားရေးပိတ်ဆို့မှုအားလုံးကို ရုပ် သိမ်းပေးရန် တိုက်တွန်းသွားမည် ဟု တောင်အာရှကော်မတီ၏ ဥက္ကဋ္ဌက ပြောသည်။
ထို့အပြင် စီးပွားရေး ပိတ်ဆို့ မှု ရုပ်သိမ်းရန် ပြင်သစ်နိုင်ငံမှ ထောက်ခံမှု အပြည့်အဝပေးသွား ရန် ၄င်းတို့အစိုးရအဖွဲ့သို့ တင်ပြ သွားမည်ဖြစ်ကြောင်းတောင်အာရှ ကော်မတီဥက္ကဋ္ဌ Mr. Gerard Midquel
က ပြောသည်။

နိုင်ငံတော်သမ္မတနှင့် ပြင် သစ်နိုင်ငံ လွှတ်တော်ကိုယ်စား လှယ်၊ တောင်အာရှကော်မတီ ဥက္ကဋ္ဌတို့ စက်တင်ဘာ ၅ ရက် နံနက် ၁ဝ နာရီတွင် တွေ့ဆုံချိန်၌ နှစ်နိုင်ငံအစိုးရချင်း၊လွှတ်တော်ချင်းသာမက ပြည်သူအချင်းချင်းပါ ဆက်သွယ်ရန် ပြောကြားခဲ့ကြ သည်။

ယင်းသို့ တွေ့ဆုံချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွား ရေးကဏ္ဍများအား ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရန်၊ ပြင်သစ်နိုင်ငံ သည် လွှတ်တော်အတွေ့ အကြုံ အတော်အတန်ရရှိပြီးဖြစ်၍ လွှတ် တော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်၍ အတွေ့အကြုံမျှဝေ ပေးလိုကြောင်း ပြောသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး ပိတ်ဆို့ထားမှုအပေါ် ရုပ်သိမ်းပေး သွားရန် တောင်အာဖရိကနိုင်ငံမှ စက်တင်ဘာ ၄ ရက်တွင် နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံစဉ်က လည်း ပြောကြားခဲ့ပြီးဖြစ်သည်။

No comments:

Post a Comment

My Blog List