Thursday, September 06, 2012

မြန်မာအစိုးရ နဲ့ KNU ကရင်အမျိုးသား အစည်းအရုံး အကြား အပစ်အခတ် ရပ်စဲရေး ကျင့်ဝတ်စည်း ကမ်းတွေနဲ့ ပတ်သက်ပြီး မူအားဖြင့် သဘောတူညီခဲ့

မြန်မာအစိုးရ နဲ့ KNU ကရင်အမျိုးသား အစည်းအရုံး အကြား အပစ်အခတ် ရပ်စဲရေး ကျင့်ဝတ်စည်း ကမ်းတွေနဲ့ ပတ်သက်ပြီး မူအားဖြင့် သဘောတူညီခဲ့ကြပြီး နှစ်ဖက် စစ်တပ်တွေ နေရာချထားရေး ကိစ္စကိုတော့ ဆက်လက် ဆွေးနွေးဖို့ လိုအပ်နေသေးကြောင်း KNU က ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ် ဖားအံမြို့ ဇွဲကပင် ဟိုတယ်မှာ ပြီးခဲ့တဲ့ အင်္ဂါနဲ့ ဗုဒ္ဓဟူး၊ ၂ ရက်ဆက်တိုက် ပြုလုပ်ခဲ့ တဲ့ ဆွေးနွေးပွဲမှာ တပ်နေရာ ချထားရေးကလွဲလို့ KNU ဘက်က တင်ပြတဲ့ အချက် ၃၅ ချက်ကို သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။

KNU ဘက်က တောင်းဆိုထားတဲ့- ၁၉၉၇ ခုနှစ်က အခြေအနေ အတိုင်း တပ်တွေ နေရာ ချထားရေးကို အစိုးရ ဘက်က လက်မခံသေးဘူးလို့ ဆိုပါတယ်။ ဒီ ဆွေးနွေးပွဲကို အစိုးရ ဘက်က သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်း ဦးဆောင်တဲ့ ကိုယ်စားလှယ် ၁၆ ဦးနဲ့ KNU ဘက်က အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်တဲ့ ကိုယ်စားလှယ် ၉ ဦး တက်ရောက်ခဲ့ပါတယ်။

အခု တကြိမ် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲဟာ တတိယ
အကြိမ် ဆွေးနွေးပွဲ ဖြစ်ပြီး နောက်တကြိမ် ဆွေးနွေးပွဲကို ဒီနှစ် မကုန်ခင်
မှာ ပြုလုပ်ဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။

No comments:

Post a Comment

My Blog List