သူဟာ နေပြည်တော်တိုင်းမှူး၊ စစ်ထောက်ချုပ် စတဲ့ တာဝန်တွေ ထမ်းဆောင်ခဲ့သူပါ။
သူ့ကို ဟိုတလောကပဲ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထဲ ထည့်လိုက်ပါသေးတယ်။ လွှတ်တော်တွေထဲ ရာထူးအကြီးဆုံး မိုးကျရွှေကိုယ်အဖြစ် ၂ လ ကြာခဲ့အပြီးမှာ သူ့ကို ရာထူးတခု ထပ်ပေးလိုက်တာပါပဲ။
သူ ကာကွယ်ရေးဝန်ကြီး ဖြစ်လာပြီ ဆိုတော့ ကာလုံ လို့ လူသိများတဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေး ကောင်စီဝင် ဖြစ်သွားမှာပါ။
~ ကာလုံ ဖွဲ့စည်းပုံ ~
သမ္မတ
ဒုသမ္မတ ၂ ဦး
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ
ကာချုပ်
ဒုကာချုပ်
ကာကွယ်ရေးဝန်ကြီး
နိုင်ငံခြားရေးဝန်ကြီး
ပြည်ထဲရေးဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီး
ဝန်ကြီးခန့်အပ်ရေးကို သမ္မတစိတ်တိုင်းကျ လုပ်နိုင်ပါတယ်။ သို့သော်လည်း
ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ စတဲ့ ဌာန ၃ ခုမှာ ၀န်ကြီး
ခန့်အပ်ဖို့အတွက်ကို ကာချုပ်နဲ့ ညှိရမယ်လို့ အခြေခံဥပဒေမှာ
ပြဋ္ဌာန်းထားပါတယ်။
ဒီဌာန ၃ ခု ၀န်ကြီးတွေရဲ့ ထူးခြားချက်ကတော့ ၀န်ကြီးဖြစ်ပေမယ့် တပ်က ထွက်စရာ မလိုတဲ့အချက်ပါပဲ။
တခြားဌာနတွေမှာ ၀န်ကြီးဖြစ်ရင်တော့ တပ်ကနေ ၀န်ထမ်းအဖြစ်ကနေ အလိုအလျောက် အငြိမ်းစားယူရမှာဖြစ်ပါတယ်။
ဇူလိုင် ၁၁
ဒုဗိုလ်ချုပ်ကြီး ဝေလွင်ကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖြစ် စစ်တပ်ကအဆိုပြုတာ လက်ခံကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာ။
သြဂုတ် ၃၁
ဒုဗိုလ်ချုပ်ကြီး ဝေလွင်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း သမ္မတက ပြည်ထောင်စုလွှတ်တော်ကို သ၀ဏ်လွှာပို့။
စက်တင်ဘာ ၎
ပြည်ထောင်စုလွှတ်တော်က ဒုဗိုလ်ချုပ်ကြီး ဝေလွင်ကို
ကာကွယ်ရေးဝန်ကြီးအဖြစ် အတည်ပြု။ (ထိုသို့ ခန့်အပ်ခြင်းကို လွှတ်တော်တွင်
ကန့်ကွက်လိုပါက မနက်ဖြန် နောက်ဆုံးထားပြီး စာရင်းပို့ရန်)
ဝန်ကြီးဟောင်း
ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးလှမင်းက
ဘာဖြစ်သွားပြီလဲ၊ ဘာကြောင့် ၀န်ကြီးတာဝန်ကနေ ရုပ်သိမ်းခံရသလဲ ဆိုတာတော့
မသိရသေးပါ။
အညာသား ဒုဗိုလ်ချုပ်ကြီးလှမင်းက နာမည်ပျက်စာရင်းထဲ မရှိဘူးလို့ သိရပါတယ်။
သူ့ကို ဟိုတလောကပဲ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထဲ
သူ ကာကွယ်ရေးဝန်ကြီး ဖြစ်လာပြီ ဆိုတော့ ကာလုံ လို့ လူသိများတဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ
~ ကာလုံ ဖွဲ့စည်းပုံ ~
သမ္မတ
ဒုသမ္မတ ၂ ဦး
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ
ကာချုပ်
ဒုကာချုပ်
ကာကွယ်ရေးဝန်ကြီး
နိုင်ငံခြားရေးဝန်ကြီး
ပြည်ထဲရေးဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီး
ဝန်ကြီးခန့်အပ်ရေးကို သမ္မတစိတ်တိုင်းကျ လုပ်နိုင်ပါတယ်။ သို့သော်လည်း ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ စတဲ့ ဌာန ၃ ခုမှာ ၀န်ကြီး ခန့်အပ်ဖို့အတွက်ကို ကာချုပ်နဲ့ ညှိရမယ်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
ဒီဌာန ၃ ခု ၀န်ကြီးတွေရဲ့ ထူးခြားချက်ကတော့ ၀န်ကြီးဖြစ်ပေမယ့် တပ်က ထွက်စရာ မလိုတဲ့အချက်ပါပဲ။
တခြားဌာနတွေမှာ ၀န်ကြီးဖြစ်ရင်တော့ တပ်ကနေ ၀န်ထမ်းအဖြစ်ကနေ အလိုအလျောက် အငြိမ်းစားယူရမှာဖြစ်ပါတယ်။
ဇူလိုင် ၁၁
ဒုဗိုလ်ချုပ်ကြီး ဝေလွင်ကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ
သြဂုတ် ၃၁
ဒုဗိုလ်ချုပ်ကြီး ဝေလွင်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း သမ္မတက ပြည်ထောင်စုလွှတ်တော်ကို သ၀ဏ်လွှာပို့။
စက်တင်ဘာ ၎
ပြည်ထောင်စုလွှတ်တော်က ဒုဗိုလ်ချုပ်ကြီး ဝေလွင်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် အတည်ပြု။ (ထိုသို့ ခန့်အပ်ခြင်းကို လွှတ်တော်တွင် ကန့်ကွက်လိုပါက မနက်ဖြန် နောက်ဆုံးထားပြီး စာရင်းပို့ရန်)
ဝန်ကြီးဟောင်း
ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးလှမင်းက ဘာဖြစ်သွားပြီလဲ၊ ဘာကြောင့် ၀န်ကြီးတာဝန်ကနေ ရုပ်သိမ်းခံရသလဲ ဆိုတာတော့ မသိရသေးပါ။
အညာသား ဒုဗိုလ်ချုပ်ကြီးလှမင်းက နာမည်ပျက်စာရင်းထဲ မရှိဘူးလို့ သိရပါတယ်။
No comments:
Post a Comment