Thursday, September 06, 2012

လက်ပန်းတောင်းတောင်လူထု အခေါင်းတု (၃) ခု မီးရှို့ပြီး ဆန္ဒပြ



စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းအနီးမှာ ဒေသခံကျေးရွာတွေက လူထု တစ်သောင်းေ ကျာ်လောက်  ဒီကနေ့စုဝေးပြီးပုဒ်မ (၁၄၄)ထုတ်ပြန်ချက်၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီတွေအပေါ် မကျေနပ်မှုကို ကိုယ်စားပြုဖန်တီးထားတဲ့အခေါင်းတု(၃)ခုကို မီးရှို့သဂြိုဟ်ပွဲလုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲကို အာဏာပိုင်တွေ ဘက်ကလက်နက်ကိုင် လုံခြုံရေးရဲတွေရာနဲ့ ချီချထားခဲ့ပြီး နှစ်ဖက်ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့ ပါတယ်။ နှစ်ဖက်ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့ကြပေမယ့် အခေါင်းတု မီးရှို့သဂြိုဟ်ပွဲကတော့အောင်မြင်စွာ  ဆောင်ရွက်နိုင်ခဲ့ကြ တယ်လို့ တောင်သူတွေက ပြောပါတယ်။ ဒေသခံလူထုနဲ့ အာဏာပိုင်တွေအကြား တင်းမာမှုဖြစ်ခဲ့ပုံကို ဒေသခံကျေးရွာသူ တစ်ဦးက RFA ကို အခုလို ပြောပြပါတယ်။

”ရဲတွေက ကျွန်မတို့ လူထုကို ဝိုင်းထားတယ်။ ပုသိမ် မုံရွာလမ်းရှေ့ကို ကျွန်မတို့မဖြတ်ရအောင် လမ်းပိတ်ဆို့ထားတယ်။ ပုသိမ်လမ်းဆုံမှာ တရုတ်ကုမ္ပဏီအခေါင်းတစ်ခုရယ်၊ ဦးပိုင်ကုမ္ပဏီအခေါင်း တစ်ခုရယ် အလောင်းသုံးလောင်းကို လူထု တွေ က မီးသဂြိုဟ်တယ်။ ကျွန်မတို့ နယ်မြေမှာလေ၊ ဒါမတရား သိမ်းပိုက်တာလေ။ သိမ်းပိုက်မခံနိုင်တာကိုး။ လူထုတွေက လူအင် အားပြကြတယ်။ လူအင်အား တစ်သောင်းလောက်ရှိတယ်။ဒီလူထုတွေ မသွားမလာရအောင် ရှေ့ကနေပြီးတော့ လမ်းပိတ် ဆို့ထား ကြတယ်။ 

ရဲတွေဘာတွေဆို နှစ်ရာကျော်လောက်ရှိမယ်။ ကုမ္ပဏီ လူကြီးတွေရော”လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအနီးက ဒီကနေ့ ဆန္ဒပြပွဲမှာ မန္တလေးဗကသကျောင်းသားတွေလည်း ပါဝင်ခဲ့ကြပြီးဆန္ဒပြလူအုပ်ကြီးဟာမုံရွာ-ပုသိမ်လမ်းမကြီးကနေ တစ်မိုင်လောက် ခရီးကိုလမ်းလျှောက်ခဲ့ကြပါတယ်။အဲဒီနောက်ဘုရားတစ်ဆူမှာ ၀င်ရောက် ဆုတောင်းခဲ့ကြသလို လက်ပန်း တောင်းေ တာင် ကြေးနီစီမံကိန်းရပ်တန့်ရေးအတွက် နိုင်ငံတော်အကြီးအကဲတွေကို စာရေးသားတင်ပြဖို့ လက်မှတ်တွေ စုပေါင်းရေးထိုးခဲ့ကြ တယ်လို့သိရပါတယ်။

စစ်တပ်ပိုင်ဦးပိုင်ကုမ္ပဏီနဲ့တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဖက်စပ်လုပ်ကိုင်နိုင်ဖို့ အတွက် စီမံကိန်းတ၀ိုက်ကျေးရွာ၂၆ ရွာက လယ်မြေဧက (၇၈၀၀) ကျော် အဓမ္မ သိမ်းယူထားတာကို မကျေနပ်တဲ့အတွက် လယ်သိမ်း ခံတောင်သူတွေက သြဂုတ်လနောက်ဆုံးပတ်ကစလို့ နေ့စဉ်ရက်ဆက်ဆိုသလိုဆန္ဒပြပွဲတွေ ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

RFA (မြန်မာပိုင်း)

No comments:

Post a Comment

My Blog List