Friday, September 07, 2012
ဂျပန်နိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာတိုင်းရင်းသားများမှ
ရခိုင်ပြည် နယ်တွင် ဖြစ်ပေါ် နေသည့် ပဋိပက္ခကို နိုင်ငံတကာ
အဖွဲ့အစည်းများနှင့် မူဆလင်နိုင်ငံ တချို့တို့မှ သတင်းများ လွဲမှားစွာ
လိမ်လည် ထုတ်ပြန်ပြီး ၀င်ရောက်စွက်ဖက်နေမူ အပေါ် ဆန့်ကျင် ကန့်ကွက်ကြောင်း
ဆန္ဒပြ ဖေါ်ထုတ်ပွဲ တစ်ရပ်ကို ဂျပန်နိုင်ငံတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဆန္ဒပြပွဲကို ယနေ့ (စက်တင်ဘာ ၅ ရက်) ညနေ ၃ နာရီကနေ ၄ နာရီအထိ
ဂျပန်ရောက် မြန်မာ တိုင်းရင်း ၈၀ ခန့်က တိုကျိုမြို့ ကုလသမဂ္ဂရုံးရှေ့တွင်
ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံ တချို့သည် မဟုတ်မမှန်
သတင်းများကို ထုတ်လွင့်ပြီး မြန်မာ နိုင်ငံရေးကို ၀င်ရောက်စွက်ဖက်ရန်
ကြိုးစားနေသဖြင့် ယခုကဲ့သို့ ဆန္ဒပြ ကန့်ကွက် ရခြင်း ဖြစ်ကြောင်း ဦးဆောင်
လူပ်ရှားသူ တဦးဖြစ်သည့် ကိုကျော်သန်းလှိုင်က ပြောသည်။
“ ကျွန်တော်တို့ ဆန္ဒပြရတာက အခု ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာကို
နိုင်ငံတကာ အဖွဲ့ အစည်းတွေအပါအ၀င်၊ မူဆလင်နိုင်ငံတချို့က မဟုတ်မမှန်
သတင်းတွေထုတ်လွင့်ပြီး ၀င်ရောက်စွက် ဖက်နေတယ်။ သူတို့
စွက်ဖက်နေတဲ့အကြောင်းကလည်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေကို ကူညီဖို့ ဆိုတဲ့
အကြောင်းပြချက်နဲ့ သူတို့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အတွက်
လုပ်ဆောင် နေတာကို တွေ့နေရတယ်။ ဒါကို ကျွန်တော်တို့ မြန်မာ နိုင်ငံသားတွေက
ကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဆန္ဒ ထုတ်ဖော်ပြသအပြီးတွင် ကုလသမဂ္ဂရုံးမှ တာဝန်ရှိသူများကို သူတို့၏
သဘောထား ထုတ်ပြန် ချက်များကို ပေးပို့ ခဲ့ပြီး တိုကျိုမြို့ရှိ
တခြားနိုင်ငံတကာ သံရုံးများကိုလည်း သူတို့၏ သဘောထား ထုတ်ပြန်ချက် များကို
ပေးပို့သွားမည် ဖြစ်ကြောင်း ကိုကျော်သန်းလှိုင်က ဆက်ပြောသည်။
“ အခုဖြစ်နေတာဟာ မတရားချဲ့ကား လုပ်ကြံပြောနေတာတွေကို လက်ကိုင်ထား
ပြောနေကြတာကို တွေ့နေရပါတယ်။ သူခိုးက လူ လူဟစ်နေပြီး တရားခံက တရားလို
ဖြစ်နေတာတွေကိုဘဲ တွေ့နေ ရတယ်။ ဒါတွေကို ကျွန်တော်တို့ ဆန့် ကျင်တယ်
ဆိုတဲ့အကြောင်းကို မူဆလင် နိုင်ငံတွေဖြစ်တဲ့ အီဂျစ်၊ မလေးရှား၊
အင်ဒိုနီးရှား၊ အီရန်၊ ပါကိစ္စတန်စတဲ့ နိုင်ငံတွေက သံရုံးတွေကို
ကျွန်တော်တို့ရဲ့ သဘောထားတွေနဲ့ အဖြစ်မှန် အချက်အလက် တွေကို ပို့ပေးသွား
မှာဖြစ်ပါတယ်။”
ယနေ့ ဆန္ဒပြပွဲကို အဖွဲ့အစည်းအနေနှင့် ပြသခြင်းမဟုတ်ဘဲ
ယနေ့ရခိုင်ပြည်နယ်အရေးသည် မြန်မာ နိုင်ငံ အနောက်ဘက်တံခါးကို ကာကွယ်ရန်
အတွက် မြန်မာနိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု ခံယူကြပြီး အားလုံး၏ ဆန္ဒ
သဘောထားနှင့် အညီ ပြသ ကြခြင်းဖြစ်သည်ဟု ဆိုသည်။
နိုင်ငံတကာတွင် လိမ်လည်ဝါဒဖြန့်နေသည့် ဓါတ်ပုံများမှာ အမှန်တကယ်
မြန်မာနိုင်ငံတွင် ဖြစ်ပျက် ခဲ့ခြင်းမဟုတ်ဘဲ တိဘက်မှ
ငလျှင်ကြောင်းသေဆုံးသည့်ပုံများ၊ ထိုင်းနိုင်ငံတွင် ဖြစ်ပျက်ခဲ့သည့်
ပုံများ ကို အသုံးပြုပြီး မဟုတ်မမှန် လိမ်လည်နေခြင်းသာဖြစ်ကြောင်းကို
အချက်အလက်များနှင့်တကွ အဆို ပါသံရုံးများကို ပို့ပေးသွားရန် စီစဉ်ထားသည်ဟု
ပြောသည်။
သူတို့ပေးပို့မည့် အချက်လက်များကို အသေးစိတ် ဓါတ်ပုံများနှင့် တကွ
ရှင်းပြထားသည့်အတွက် မူဆလင် နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ
အနေနှင့်လည်း အဖြစ်မှန်ကို နားလည် သဘောပေါက်လိမ့်မည်ဟု မျော်လင့် ကြောင်း
ကိုကျော်သန်းလှိုင်က ပြောဆိုသွားသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-


No comments:
Post a Comment