Saturday, September 08, 2012

ဒီမိုကရေစီ စနစ်လက်မခံနိုင်တဲ့ လူတွေ သွားပေတော့လို့  သူရဦးရွှေမန်း ဆို

Saturday, September 08, 2012

 ““တရား ဥပဒေ စိုးမိုးရေးဆိုတာ အပြောနဲ့ တော့မရဘူး။ ဟန်ပြနဲ့တော့ မရဘူး။ အပြောလေးနဲ့ ဟန်ပြနဲ့ မရသလိုပဲ ကျွန်တော်တို့က ရဲရဲဝံ့ဝံ့သတ္တိရှိရှိ မလုပ်ဘူး ဆိုရင်တော့ မဖြစ်ဘူး။ ဒီမိုကရေစီနုနယ်တယ်ဆိုတာ ဒီမိုကရေစီက ရှိပြီးသားကြီးပဲ။ နုနယ်တာက ဒီမိုကရေစီစနစ်နဲ့ ကျွန်တော်တို့နုနယ်တာ။ နုနယ်တဲ့ဟာကိုမှ အခြေခံကျတဲ့ဟာကိုမှ လက်မခံနိုင်ဘူးဆိုရင် လက်မခံနိုင်တဲ့ လူတွေသွားပေတော့။ဒီမိုကရေစီပြောင်း ကာစမို့လို့ ဒီဟာကိုခွင့်လွှတ်ရမယ်ဆိုရင် ခွင့်လွှတ်တဲ့ဟာက မှန်သလား မှားသလား ပြန်ပြီးကြည့်ဖို့လိုတယ်။ ခွင့်လွှတ်လိုက်ရင် နောင်လည်းလုပ်လို့ရတာပဲဆိုပြီး ဒီလိုပဲဖြစ်သွားမှာပဲ။ ဘာဖြစ်မလဲ။ သံသရာ တစ်ပတ် လည်မယ်။

အလေးအနက်ထားစဉ်းစားဖို့လိုတယ်။ ဒီမိုကရေစီတိုက်ပွဲဝင်ရင်း လမ်းခုလတ်မှာ ကျလည်းကျဆုံးသွားနိုင်တယ်။
ဒါပေမယ့် ကျန်တဲ့လူတွေက ဆက်လက်တိုက်ဖို့လိုတယ်။
ပြောမယ်ဆိုရင်တော့ ဒီမိုကရေစီ ကျွန်တော်တို့နိုင်ငံမှာ ဆက်လက်မရှင်သန်ဘူး။ မကျင့်သုံးဘူးဆိုရင် ကျွန်တော်တို့နိုင်ငံဟာ နိမ့်ကျနောက်ကျနေမှာပဲ””
ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် စက်တင်ဘာ ၈ ရက်က ကျင်းပပြုလုပ်သော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီနှင့်တရားသူကြီးဟောင်းများ၊ ဥပဒေပညာရှင်များတွေ့ဆုံပွဲ၌ ပြောကြားသွားသည်။

No comments:

Post a Comment

My Blog List