Thursday, September 06, 2012

“ေ၇ဒါစနစ်သုံး အရှိန်တိုင်းစက်ဖြင့် ရန်ကုန်မန္တလေးအမြန်လမ်းမကြီး ပေါ် တိုင်းတာ၍သတ်မှတ်အရှိန်ထက်ကျော်လွန်မောင်းနှင်ပါကဥပဒေအရ အေ၇းယူသွားမည်”


ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်နှုန်းထက်ပိုမို၍ ယာဉ်မဆင်မခြင်မောင်းနှင်ပါက ဥပဒေအရ အရေးယူရန်အတွက် REDFLIX Traffic System သုံးကိရိယာနှစ်ခုဖြင့် အရှိန်တိုင်းတာစစ်ဆေး
အရေးယူသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

ယင်း REDFLIX Traffic System သည်ရေဒါစနစ်ဖြစ်ပြီးသတ်မှတ်မိုင်နှုန်း
ထက်ပိုမိုမောင်နှင်ပါက သတ်သေ နှင့်တကွမှတ်တမ်းတင်နိုင်သောစနစ
တစ်ခုဖြစ်သည်။ရွှေပြောင်းသယ်ယူ အသုံးပြု၍ရသဖြင့် အမြန်လမ်းမကြီး
ပေါ်ယာဉ်မတော်တဆဖြစ်ပွားမှုအများဆုံးသော နေရာများသို့သွားရောက်
စစ်ဆေး တိုင်တာနိုင်မည်ဖြစ်သည်။

REDFLIX Traffic System သည် Frequencies 24.0Ghz ကိုအသုံးပြု
ထားခြင်းဖြစ်ပြီး အမြန်လမ်းရဲတပ်ဖွဲ့ကသတ်မှတ်ထားသော သတ်မှတ်မိုင်
နှုန်ထက်ကျော်လွန်မောင်းနှင်ပါက ဓါတ်ပုံမှတ်တမ်၊မောင်းနှင်လာသော အရှိန်နှုန်း၊မိုင်တိုင်အမှတ်စသည်ဖြင့်လိုအပ်သော သက်သေအထောက်
အထားများကို မှတ်တမ်တင်ထားမည်ဖြစ်ကြောင်းသိရသည်။ယင်းအရှိန်
တိုင်းကိရိယာ၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၇,၀၀၀)ဖြစ်ပြီး ရေဒါစနစ်ကို အသုံးပြုထားသဖြင့် လက်ရှိသုံးဆွဲနေသော အရှိန်တိုင်းကိရိယာတိုထက်
ပိုမိုတိကျစွာ မှတ်တမ်တင်ထားနိုင်မည်ဖြစ်ကြောင်းသိရသည်။

ယခုနှစ်ဇွန်လမှသြဂုတ်လအတွင်းရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ပေါ်တွင်ဖြစ်ပွားသည့် ယာဉ်မတော်တဆ
မှုစုစုပေါင်းမှာ(၄၃)မှုရှိပြီး ယင်းအနက်(၃၈)မှုသည်မော်တော်ယာဉ်
တိုက်မှုဖြစ်ပြီး ကျန်၅မှုမှာ ဆိုင်ကယ်တိုက်မှုဖြစ်သည်ဟု ပြည်ထဲရေး
ဝန်ကြီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

အထက်ပါယာဉ်တိုက်မှုကြောင့် သေဆုံးသူ၁၇ဦးရှိကာ ဒါဏ်ရာရသူ ၇၄ဦးရှိ ခဲ့ကြောင်းအများအားဖြင့် မိုင်တိုင်အမှတ်၇၅/၀နှင့်၁၀၅/၀အကြား
ကျောက်တံခါးမြို့နယ်နှင့် မိုင်တိုင်အမှတ်၂၇၆/၂နှင့်၃၁၇/၂အကြားမိတ္ထီလာ
မြို့နယ်တို့တွင်အများဆုံးဖြစ်ပွားခဲ့ကြောင်းထပ်လောင်းသိရသည်။

No comments:

Post a Comment

My Blog List