Thursday, September 06, 2012

တိုးတက်လာတဲ့ မြန်မာ့လေကြောင်းလိုင်း

အစိုးရပိုင်မြန်မာ့လေကြောင်းလိုင်းမှာ တိုးတက်မှုတခု ပေါ်ပေါက်လာပါပြီ။

မြန်မာ့လေကြောင်းလိုင်း လေယာဉ်လက်မှတ်ကို အွန်လိုင်းက ဝယ်ယူနိုင်တော့မယ် လို့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

''ရှေ့လထဲက စပြီး မြန်မာ့လေကြောင်းလိုင်း လေယာဉ်လက်မှတ်တွေကို အွန်လိုင်းကနေ E-ticketing system နဲ့ ဝယ်ယူဖို့အတွက် မြန်မာ့စီးပွားရေးဘဏ်နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ထားပါတယ်။ နောက်ပိုင်းဆို ပုဂ္ဂလိကဘဏ်တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်'' လို့ လေကြောင်းလိုင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်မှတ် ဝယ်ယူချင်သူများအနေနဲ့ မြန်မာ့ စီးပွားရေး ဘဏ်မှာ Oline E-Money (OEM) အကောင့်တစ်ခု ဖွင့်ပြီး ငွေသွင်းထားရမယ်၊ www.myanmarairways.aero မှာ နှစ်ပတ်ကြိုဝယ်ယူနိုင်ပါတယ် လို့ မြန်မာ့လေကြောင်းက တာဝန်ရှိသူက ပြောပါတယ်။

မြန်မာ့လေကြောင်းက ပျံသန်းပြေးဆွဲနေတဲ့ ခရီးစဉ်တွေကို နိုင်ငံခြားသား ဧည့်သည်တွေ စီးတာ နည်းပါးကြပြီး ပြည်တွင်းက ခရီးသွားဧည့်သည်တွေသာ အဓိကထား စီးနင်းကြကြောင်း ပြည်တွင်းခရီးသွား လုပ်ငန်းတစ်ခုက ပြောပါတယ်။

မြန်မာ့ လေကြောင်း လေယာဉ်လက်မှတ် ဝယ်ယူဖို့အတွက် နံနက်စောစောကတည်းက တန်းစီ စောင့်ဆိုင်းရတာကြောင့် အခက်အခဲများရှိကြောင်းနဲ့ အခုလို အွန်လိုင်းကနေ ဝယ်ယူနိုင်မယ်ဆိုရင်တော့ အချိန်ကုန် သက်သာသွားမှာဖြစ်တယ် လို့ အဆိုပါ ခရီးသွား လုပ်ငန်းက ပြောပါတယ်။

မြန်မာ့လေကြောင်းလိုင်းက ပြေးဆွဲနေတဲ့ လေယာဉ်တွေက သက်တမ်း ကြာမြင့်နေတာကြောင့် နိုင်ငံခြားသား ဧည့်သည်များက ယုံကြည်မှု မရှိဘဲ ပြည်တွင်း ခရီးစဉ်များကို သွားရောက်ရာမှာ ပုဂ္ဂလိက လေကြောင်းလိုင်းများနဲ့သာ အများဆုံးသွားရောက်ကြတယ်လို့ ဧည့်လမ်းညွှန်တွေက ပြောပါတယ်။

ပြည်ပခရီးသည်တွေ ၀ယ်ဖတ်တတ်ကြတဲ့ Lonely Planet ရဲ့ မြန်မာပြည်လမ်းညွှန် စာအုပ် မှာတော့ မြန်မာ့လေကြောင်းလိုင်းကို "စိတ်မချရဘူး" လို့ ရေးထားတာပါ။ အချိန်မမှန်ဘူး၊ VIP တွေကို နေရာဖယ်ပေးရတယ် စသဖြင့် မြန်မာ့လေကြောင်းလိုင်းကို ချီးကျူးထားတာကို တွေ့ရပါတယ်။
ဧရာဝတီ

No comments:

Post a Comment

My Blog List