Thursday, September 06, 2012
ဆူပူမှုကြောင့် ၅လကြာမှ နစကနှင့် ဘီဂျီဘီ တပ်မှူးအဆင့် အလံတင်ဆွေးနွေးပွဲကျင်းပပြုလုပ်နိုင်
ရခိုင်တွင် ပေါ်ပေါက်ခဲ့သော ဆူပူ အကြမ်းဖက်မူ ဖြစ်စဉ်ကြောင့် ၅ လ ကြာအောင် ရပ်နားထားခဲ့ရသော မြန်မာ-ဘင်္ဂလာ (၂) နိုင်ငံ တပ်မှူး အဆင့် အလံတင် ဆွေးနွေးပွဲကို ယမန်နေ့က မောင်တောမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲအား မောင်တောမြို့ မြစ်နားတန်း ဘုတ်ဆိပ်ရှိ ဒေ၀ါ နဒီ ကုန်သည်ကြီးများ အသင်း ခန်းမတွင် ယမန်နေ့ နံနက် ၁၀ရီက စတင် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ဆွေးနွေးပွဲတွင် နယ်စပ်ကုန်သွယ်ရေး ကိစ္စ၊ ကူးသန်းသွားလာရေးနှင့် ဆက်သွယ်ရေး ကိစ္စ၊ နယ်စပ် လူမှောင်ခို ဖြတ်ကျော် ၀င်ရောက် မှု ကိစ္စ၊ မူးယစ်ဆေးဝါးနှင့် တရားမ၀င် မှောင်ခိုလုပ်ငန်းများ ကာကွယ်တားဆီးရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ဆွေးနွေးပွဲသို့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ စစ်တကောင်းမြို့ ဘီဂျီဘီ (Border Guard Bangladesh) တပ်ရင်းမှ အရာရှိ ဗိုလ်မှူးကြီး မိုဟာမောက် ဇီလူဟောက်ဦး ဆောင်သော ကိုယ်စားလှယ် ၁၀ဦးနှင့် မြန်မာ- မောင်တော နစက နယ်မြေအမှတ်(၅)မှ ဗိုလ်ကြီး ဦးထွန်းအောင် ဦးဆောင်သည့်အဖွဲ့ဝင် ၁၅ဦးတို့ တက်ရောက် ကြသည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ သတင်းဌာန တစ်ခုဖြစ်သည့် The Dailysaikat အဆိုအရ နစကနှင့် ဆွေးနွေးရာတွင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ မှ တက်ကနက် အခြေစိုက် ဘီဂျီဘီအမှတ် (၄၂) တပ်ရင်းမှူး၊ ကော့စ်ဘဇား အခြေစိုက် ဘီဂျီဘီအမှတ် (၁၅) တပ်ရင်းမှူး နှင့်နတ် ကျောက်ဆရီ အခြေစိုက် ဘီဂျီဘီအမှတ် (၁၇)တပ်ဖွဲ့ တို့ မှ တပ်ဖွဲ့ဝင်များ ပါဝင်သည်ဟု ရေးသားပါရှိသည်။
ရခိုင်တွင် ပေါ်ပေါက်ခဲ့သော ဆူပူမူကြောင့် အချိန်အကြာကြီး ရပ်နားထားခဲ့ရသော နှစ်နိုင်ငံ နယ်စပ် တရားဝင် ကူးသွားခွင့်ကိုလည်း သြဂတ်စ်လ ၁၈ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။ သို့သော်လည်း နိုင်ငံကူး လက်မှတ် ပတ်စ် ပို့ဖြင့် သွားလာသူမှာ ယခင်ကထက် တ၀က်ခန့် လျှော့ကျသွားကြောင်း မောင်တောမြို့ခံတဦးက ပြော သည်။
“ ကျွန်တော်တို့ဆီမှာ ဘင်္ဂလာက၀င်တဲ့ပစ္စည်းတွေရောင်းတဲ့ ဆိုင်တွေတချို့မှာ ပစ္စည်းတွေပြတ် နေ တယ်။ မဖွင့်တဲ့ဆိုင်တွေလည်း တော်တော်များရှိပါတယ်။ ဘင်္ဂလားမြန်မာ ပတ်စ်ပို့နဲ့သွားနေကြ တဲ့ သူတွေကျတော့ တော်တော်များများ မသွားဖြစ်တာများပါတယ်။ သုံးပုံ တစ်ပုံလောက်ဘဲ သွားကြ တယ်။”
နယ်စပ်ဂိတ်များကို ရည်ရှည်ပိတ်ထားလျှင် မောင်တောမြို့ခံများအတွက်လည်း ထိုခိုက်နိုင်ကြောင်း အဆိုပါမြို့ခံက ဆက်ပြောသည်။
“မောင်တောမြို့က စစ်တွေကိုသွားရတာ သိပ်ဝေးတော့ မောင်တော မြို့က ဒီဘက်ကလာတဲ့ ကုန် တွေ ဘင်္ဂလာဘက်ကသွင်းတဲ့ ကုန်တွေနဲ့ မောင်တောမြို့က အဆင်ပြေနေတာ ပေါ့နော်။ ပြန်ပိတ် ထားလိုက်မယ်ဆိုတော့ တော်တော် များများ ဒုက္ခရောက် ကြမယ်။ ဒီမြို့က နယ်စပ်မြို့ဖြစ်နေတာ့ စီး ပွားရေးတွေက တော်တော်များများအခက်တွေ့မယ်ထင်ပါတယ်။”
ယခုအခါ မြန်မာဘက်မှ ကုန်ပစ္စည်းများ ဘင်္ဂလာဘက်သို့ ၀င်ရောက်နေပြီဖြစ်သော်လည်း ယခင်က ကဲ့သို့ ပုံမှန်မဟုတ်သေးကြောင်း တက်ကနက် ဆိပ်ကမ်းတွင် လုပ်လုပ်နေသူ တဦးကယခုကဲ့သို့ ပြောသည်။
“ ပိတ်တဲ့အခါက ရန်ကုန်က ၂လ နီးပါး ငါးတခုဘဲရောက်တယ်။ တ ခြား ပစ္စည်းဆိုတာ တခုမှ မ ရောက်။ အခု ဖွင့်တည့်အခါ မကျဉ်းသီး၊ ပဲ၊ ဇီးယို၊ ငါး၊ သစ်တွေအစုံ ရောက်ပါ တယ်။ ပိတ်ထား တဲ့ခါ နဲ့စာရင် အခုနည်းနည်းအဆင်ပြေတယ်။ အရင်ကလို ပုံမှန်တော့မဟုတ်သေးဘူး။ အခု ၇ ရက် ပတ်စ် ပို့မဖွင့်သေး ၁ ရက် ပတ်စ်ပို့တော့ ဖွင့် ပြီ။ အကောက်ခွန်ငွေ တလလျှင် တာကာငွေ သိန်း ၇၀၀ ကျော်ရရှိသည့် တက်ကနက်ဆိပ်ကမ်းတွင် နှစ်ဘက် ကုန်သွယ်ရေးများ ရပ်တန့်သွားသည့်အတွက် ဇွန်လကနေ သြဂတ်စ်လကုန်ထိ အ ကောက်အခွန်ငွေ တာကာ သိန်း ၃၀၀ နီးပါးသာ ရရှိသည်ဟု ဆိပ်ကမ်းအာဏာပိုင်များကို ကိုးကားပြီး ဒေသထုတ် ဘင်္ဂလီသတင်းစာများတွင် ရေးသားသည်။
ယခုကဲ့သို့ ဘင်္ဂလာဘက်မှ အကောက်ခွန်ငွေ လျှော့ကျသွားသည့်အတွက် နယ်စပ်စီးပွားရေး လုပ်ငန်းများကို ယခင်အတိုင်း ပုံမှန်ဖြစ်ရန် အရေးတကြီး လိုလားနေကြောင်း နယ်စပ်မှလာသည့် သတင်းများအရ သိရသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment