Thursday, September 06, 2012

 မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ ပရိဘောဂစက်ရုံတွင် တစ်နာရီနီးပါး မီးလောင်ကျွမ်းမှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ ၆၆ လမ်း နှင့် ၆၇ လမ်းကြားရှိ ဦးအောင်ခိုင် ပိုင်ဆိုင်သည့် မြစ်ဝါပရိဘောဂစက်ရုံတွင် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၂နာရီ ၄၅ မိနစ်အချိန်မှစ၍ တစ်နာရီနီးပါး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကျပ်သိန်းရှစ်ဆယ်ကျော် ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဌာနချုပ်ရုံးမှ ရရှိသောသတင်းများအရ သိရသည်။


မီးလောင်ရသည့် အကြောင်းအရင်းမှာ စက်ရုံညစောင့်- - -(၁၉နှစ်)သည် အိပ်ယာပေါ်တွင် ခြင်ဆေးခွေထွန်းထားရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ရာ တစ်နာရီနီးပါး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နံနက် ၃ နာရီခွဲအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
ယင်းမီးလောင်မှုကြောင့် သွပ်မိုးထရံကာ အဆောက်အဦလေးလုံး၊ သစ်မာပယ်သား ၁၀ တန်နှင့် ၀ါပိဿာချိန် ၂၀၀ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ၈၀၄၀၀၀၀ ကျပ်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်ကို မီးသတ်ယာဉ် ၅၂ စီး၊ မိတ်ဘက်ရေသယ်ယာဉ်တစ်စီး၊ မီသတ်တပ်ဖွဲ့ဝင် ၄၀ ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၅၀တို့ဖြင့် သွားရောက်မီးငြိမ်းသတ်ခဲ့ကြောင်းနှင့် ညစောင့်---အား ပ-၅၂၃/၂၀၁၂၊ ပုဒ်မ-၂၈၅ ဖြင့် အရေးယူထားကြောင်း သိရသည်။
မတင်မှီအရင်ဖျက်ပစ်ပါ ပြန်ခေါက်ထားပေးပါ

No comments:

Post a Comment

My Blog List