Monday, September 03, 2012

မန္တလေး(၆)မြို့နယ်အတွင်း ကင်တားနားကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲ ဒုတိယအကြိမ်ပြုလုပ်

မန္တလေး(၆)မြို့နယ်အတွင်း ကင်တားနားကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲ ဒုတိယမြို့နယ် အဖြစ် အောင်မြေသာစံမြို့နယ်တွင် မွန်းလွဲ(၁)နာရီမှ (၂)နာရီထိ ပြုလုပ်ခဲ့သည်။ ကျန်
ုးအနောက်မြောက်ထောင့် ၁၂လမ်းနှင့် လမ်း ၈၀ထောင့်မှ တောင်ဘက် ၁၉ လမ်းထိ ချီတက်ဆန္ဒထုတ်ဖေါ်ခဲ့ကြပြီး ယင်းလမ်းမှ ၈၆လမ်း၊ ၈၆လမ်းမှ ၁၂လမ်းပြန်ဆင်းခဲ့ပြီး ယင်းမှတစ်ဆင့် မူလစုရပ်နေရာ ၁၂လမ်း လမ်း ၈၀ထောင့်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ဆန္ဒပြသူဦးရေ (၁၀၀)သာဆိုသော်လည်း လိုက်ပါအားပေးဆန္ဒထုတ်ဖော်သည့် မန္တလေးမြို့ပေါ်မှ
သံဃာများနှင့်မြို့ခံများကြောင့် လူအင်အားသောင်းဂဏန်းခန့်ပါဝင်ဆန္ဒထုတ်ဖော်သည့်ဆန္ဒထုတ်ဖေါ်ပွဲတစ်ခုဖြစ်ခဲ့သည်။
ရဲဝန်ထမ်းလုံခြုံရေးအင်အားကို ဆန္ဒဖော်ထုတ်သူများထက် ပိုမိုအသုံးပြုထားသည်ကိုတွေ့ရသည်။

စက်တင်ဘာ(၃)ရက်နှင့် ၄ ရက်များတွင် ကျန်လေးမြို့နယ်၌ ဆန္ဒထုတ်ဖော်ပွဲများဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

No comments:

Post a Comment

My Blog List