Thursday, September 06, 2012

လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ဒီလိုပြော တာပါတဲ့

 

သမ္မတကြီးကို စွပ်စွဲပြစ်တင်ဘို့ကြိုးစားနေတယ်လို့ကျနော်မပြောပါ။ အဲဒီ မန္တလေးကဟောပြောပွဲမှာ ကျနော်အဓိကဆွေးနွေး တာက ထိပ်တိုက်ရင်ဆိုင်မတွေ့ရေး၊ ပြေပြေလည်လည်ဖြစ်စေနိုင်မဲ့လမ်းကြောင်း၊ ကိုရှင်းပြတာပါ။ ပြည်ထောင်စုလွှတ်တော် မှာ ကျနော်ဆွေးနွေးခွင့်၊ ပြောခွင့်မရခဲ့တာကြောင့် မီဒီယာတွေက ကျနော်ပြောတဲ့ကိစ္စကို ပြည်သူလူထုရော၊ လွှတ်တော်ကိုယ်စား လှယ်များပါ
သိအောင်ရေးကြပါလို့တိုက်တွန်းခဲ့တာပါ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အများစုက ကျနော့်သဘောထားကို လက်ခံကြရင် ခုံရုံးကို စစ်ဆေးတဲ့ အစီရင်ခံချက်အပေါ်မှာ အပြစ်မရှိကြောင်း မဲပေးလိုက်နိုင်ကြရင်၊ ခုံရုံးကတာဝန်ကရပ်စဲခံရ မဲ့ဘေးက လွတ်သွားမယ်။ နောက်တဆင့်အနေနဲ့ ကျနော်တင်ပြခဲ့သလို ပုဒ်မ(၂)(ဇ) နဲ့ ပုဒ်မ(၁၇) ကိုပြင်ဘို့ လွှတ်တော်က လုပ်ဆောင်လိုက်ရင် အားလုံးအဆင်ပြေသွားနိုင်ပါသေးတယ်။

ကျနော်ရေးစေချင်တာကိုပြောပြီး၊ မေးခွန်းမေးခွင့်ပြုတဲ့အခါ လွှတ်တော်က ခုံရုံးကို စွပ်စွဲပြစ်တင်တာအောင်မြင်သွားလို့ သမ္မတဆီ အကြောင်းကြားစာပို့တဲ့ အခါ သမ္မတက ဆက်လက်မဆောင်ရွက်ရင် ဘာဆက်လုပ်နိုင်မလဲဆိုတဲ့မေးခွန်းမေးပါတယ်။
အဲဒီမေးခွန်းကိုမေးတဲ့အခါ လွှတ်တော်အနေနဲ့ ဆက်လက်လုပ်ဆောင်လို့ရတဲ့ ကိစ္စအဖြစ် သမ္မတကိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကိုဖေါက်ဖျက်ကျူးလွန်ခြင်းဆိုတဲ့ပြစ်ချက်နဲ့ စွပ်စွဲပြစ်တင်နိုင်တယ်လို့ ဖြေတာပါ။ ဒါဟာအဓိကပြောချင်တာမဟုတ်ပါ။ ပြေပြေလည်လည်ဖြစ်ရေးလမ်းကြောင်းက ကျနော်ပြောချင်တဲ့အဓိကအချက်ပါလို့ပြောခဲ့ ပါတယ်။ အခုလည်း အချိန်ကရှိပါသေးတယ်။ ပြည်သူ့ခေတ်ဂျာနယ်မှာ ထည့်ရန်ပေးသော်လည်း မထည့်ပါ။ ဘာကြောင့်မထည့် တာလည်းမသိပါ။ လူတစ်ချို့က အပြင်ပန်းစကားကောင်း၊ စကားလှတွေပြောနေပြီး၊ တကယ့်ရင်ထဲမှာက သူတို့အချင်းချင်းချနေ တာဘဲ။ ဆော်ကြပစေလို့ စိတ်ထားနေကြသလားမပြောတတ်ပါ။
မတင်မှီအရင်ဖျက်ပစ်ပါ ပြန်ခေါက်ထားပေးပါ

No comments:

Post a Comment

My Blog List