အာဆီယံ
စီးပွားရေး အသိုက်အဝန်းအတွက် ပြင်ဆင်ရန် ထိုင်းနိုင်ငံ တောင်ပိုင်း
ဖူးခက်ခရိုင်ရှိ အထက်တန်းကျောင်းသားများသည် မြန်မာစကားကို ဦးစားပေး
သင်ယူလာကြသည်ဟု ထိုင်းသတင်း အေဂျင်စီ TNA တွင် ဖော်ပြထားပါသည်။
Satri
Phuket ကျောင်းရှိ ကျောင်းသားများသည် မြန်မာနိုင်ငံသား ဆရာက သင်ကြားသော
မြန်မာဘာသာစကားကို စိတ်ပါဝင်စားစွာ သင်ယူလာကြသည်ဟု မလေးရှားနိုင်ငံ၏
Bernama သတင်းဌာနက ဖော်ပြသည်။ အဆိုပါကျောင်းတွင် မြန်မာဘာသာကို
ရွေးချယ်သင်ယူနိုင်သည့် ဘာသာရပ်တစ်ရပ်အဖြစ် ထည့်သွင်းခြင်းဖြစ်သည်။
ယခင်နှစ်မှစ၍ အဆိုပါကျောင်းတွင် မြန်မာ၊ တရုတ် စသည့် ဘာသာရပ်များကို
နိုင်ငံခြားဘာသာ သင်ရိုးများအဖြစ် ထည့်သွင်းသင်ကြားနိုင်ရန်
စီစဉ်ထားခြင်းဖြစ်သည်။ သင်ရိုးတွင် အပြောသင်ခန်းစာနှင့် တစ်ပတ်လျှင်
နှစ်ကြိမ် အရေးသင်ခန်းစာများ ပါဝင်သည်ဟု သိရသည်။
ကျောင်းအုပ်ချုပ်ရေးအဖွဲ့၏
အဆိုအရ မြန်မာဘာသာစကား သင်ယူခြင်းမှာ ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့က
ပြုလုပ်ခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲ အပြီးတွင် ကျောင်းသားများနှင့်
ကျောင်းသား မိဘများအကြား ရေပန်းစားလာခဲ့သည်ဟု ဆိုသည်။
အာဆီယံ စီးပွားရေး
အသိုက်အဝန်း (AEC) ဆိုသည်မှာ ၂၀၁၅ ခုနှစ်အမီ အာဆီယံဒေသတွင်း
စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဖြစ်ပြီး အာဆီယံဒေသ တစ်ခုလုံးကို ဈေးကွက်
တစ်ခုတည်း၊ ကုန်ထုတ်လုပ်မှု အခြေခံဒေသတစ်ခုတည်းအဖြစ်
ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ထုတ် Weekly
Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment