Thursday, September 06, 2012

ဆန်းစစ်ချက်ဆိုသည့် ဆောင်းပါးကို ဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြန်ကြားရေး ဒုဝန်ကြီးကို လွှတ်တော်တွင် မေးမြန်း


ယခုလို အခြေအနေမျိုး၌ နိုင်ငံပိုင် သတင်းစာများတွင် Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက်ဆိုသည့် ဆောင်းပါးကို ဖော်ပြခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုး သက်ရောက်မှုကို တွက်ဆပြီး ဖော်ပြပေးခြင်း ဟုတ်၊ မဟုတ် သိရှိလိုပါကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး (အမရပူရမဲဆန္ဒနယ်) က  စက်တင်ဘာလ ၅ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

ပြည်သူ့လွှတ်တော် ဥပဒေရေးရာ ကော်မရှင်အနေဖြင့် ၂-၉-၂၀၁၂ မြန်မာ့အလင်း သတင်းစာနှင့် ၄-၉-၂၀၁၂ မြဝတီသတင်းစာတို့မှာ ဒေါက်တာမာလာအောင်၊ ဒုတိယပါမောက္ခချုပ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရေးသားသည့် Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့်ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲဆန်းစစ်ချက်ဆိုသည့် ဆောင်းပါးကို ဖတ်ရှုပြီး ပါပြီလား။ ဖတ်ရှုပြီးပြီဆိုပါက ထိုဆောင်းပါးအပေါ် ဥပဒေရေးရာ ကော်မရှင်အနေနှင့် မည်ကဲ့သို့ ထင်မြင်ပါသလဲ။ မေးခွန်းနံပါတ်(၂) ဒေါက်တာမာလာအောင်သည် ဒုတိယပါမောက္ခချုပ်၊ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်ဟု ဖော်ပြထားပါတယ်။ ဤပုဂ္ဂိုလ်သည် တက္ကသိုလ်တွင် လက်ရှိ တာဝန် ထမ်းဆောင်နေခြင်း ဟုတ်၊ မဟုတ်နှင့် ဟုတ်လျှင် ဒေါက်တာမာလာအောင်၏ ရေးသားဖော်ပြချက် အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနက မည်သို့ သဘောထားမှတ်ချက်ပြုသည်ကို သိရှိလိုကြောင်း ဦးသိန်းထွန်းဦး (အမရပူရမဲဆန္ဒနယ်) က မေးမြန်းခဲ့သည်။

ထို့နောက် ဦးသိန်းထွန်းဦး (အမရပူရမဲဆန္ဒနယ်) က ''လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ရဲ့ ပြည်သူ့ လွှတ်တော်ခန်းမတွင်းမှာ ပြန်ကြားရေး ဒုတိယဝန်ကြီးလည်း ရောက်ရှိနေတဲ့အတွက် ပြန်ကြားရေး ဆိုင်ရာမေးခွန်းကို ဆက်လက် မေးမြန်းတင်ပြခွင့်ပြုပါရန် လေးစားစွာ ခွင့်တောင်းခံ အပ်ပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုလို အခြေအနေမျိုးမှာ နိုင်ငံပိုင်သတင်းစာများတွင် Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက်ဆိုသည့် ဆောင်းပါးကို ဖော်ပြခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှု ကို တွက်ဆပြီး ဖော်ပြပေးခြင်း ဟုတ်၊ မဟုတ် သိရှိလိုပါကြောင်း ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာ မေးမြန်းတင်ပြအပ်ပါတယ် ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။'' ဟု  မေးမြန်းခဲ့သည်။

ထိုအခါ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က '' ၂.၉.၂၀၁၂ ထုတ် မြန်မာ့အလင်း သတင်းစာနှင့် ၄.၉.၂၀၁၂ ထုတ် မြဝတီသတင်းစာတွင် ပါဝင်သည့် ဒေါက်တာဒေါ်မာလာအောင် အမည်ဖြင့် ရေးသားထားသော ဆောင်းပါးအတွက် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် သီးခြား အမိန့်ထုတ်ပြန်ထားခြင်း မရှိကြောင်း ဆောင်းပါးရှင် ဒေါ်မာလာအောင်မှ လက်ရှိ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါသည်။ ယခုကိစ္စသည် အရေးကြီး ကိစ္စဖြစ်သည့်အတွက် အသေးစိတ်ဖြေကြားမှု ပြုလုပ်နိုင်ရန် စနစ်တကျ ပြင်ဆင်ရန်လိုအပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တနလာင်္နေ့ လွှတ်တော် အစည်းအဝေးတွင်မှ အသေးစိတ်ပြန်လည် ဖြေကြားခွင့် ပြုပါရန် လွှတ်တော်သို့ တင်ပြအပ်ပါသည်။" ဟု ပြန်လည်ဖြေကြားခဲ့သည်။

No comments:

Post a Comment

My Blog List