Tuesday, September 04, 2012

တိုးချဲ့သမ္မတရုံး ၀န်ကြီးဌာနများ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ဦးတည်

တိုးချဲ့ဖွဲ့စည်းလိုက်သော သမ္မတရုံး ဝန်ကြီးဌာနများသည် ပြည်တွင်းငြိမ်းချမ်းရေး ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ငွေကြေး လုပ်ငန်းများ ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး တို့ကို ဦးတည်ကြောင်း သမ္မတရုံး ဝန်ကြီး ဌာနများ ပြင်ဆင်ဖွဲ့စည်းခြင်း ဆိုင်ရာ ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ်တွင် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် SEA Games နှင့် ၂၀၁၄ ခုနှစ်တွင် စတင် တာဝန်ယူမည့် အာဆီယံ ဥက္ကဋ္ဌ အတွက် သီးခြားဖွံ့ဖြိုး တိုးတက်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန် လိုအပ်လာခြင်း၊ တာဝန် ထမ်းဆောင်စ ပြည်ထောင်စု ဝန်ကြီးများကို ချိတ်ဆက် ကူညီပေးရန် လိုအပ်ခြင်း တို့ကြောင့်လည်း သမ္မတရုံး ဝန်ကြီးဌာနများကို တိုးချဲ့ ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ယင်းရှင်းလင်း တင်ပြချက်အရ သိရသည်။

လက်ရှိ သမ္မတရုံးဝန်ကြီးဌာန အနေဖြင့် သမ္မတရုံးနှင့် အိမ်တော်ဆိုင်ရာ ကိစ္စများ ၊ Good Governance and Clean Governance ကိစ္စရပ်များ စိစစ်ခြင်းများ ဆောင်ရွက်နိုင်ကြောင်း ယင်းတင်ပြချက်တွင် ပါရှိသည်။ ယခုအခါ သမ္မတရုံးဝန်ကြီးဌာနတွင် ထပ်မံ ခန့်အပ်လိုက်သော ဝန်ကြီးများ ဖြစ်သည့် ဦးစိုးသိန်း၊ ဦးအောင်မင်း ၊ ဦးလှထွန်း ၊ ဦးတင်နိုင်သိန်းတို့ အပါအဝင် ဝန်ကြီးခြောက်ဦး ရှိနေပြီဖြစ်သည်။

ထို့ပြင် မြန်မာ့ စက်မှု့လက်မှု့ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာနကို အချိန်ယူ ပြင်ဆင်ရန် လိုအပ်သောကြောင့် ဖျက်သိမ်းလိုက်ကြောင်း ယင်းရှင်းလင်းချက်မှ သိရသည်။

No comments:

Post a Comment

My Blog List