Tuesday, September 04, 2012

အမျိုးသားရေး သစ္စာဖောက်ဟုခေါ်ဆိုကြသော ဦးဟန်ညောင်ဝေ မြန်မာပြည်ရောက်ရှိ

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ကိုတည်ထောင်သူများတွင် တစ်ဦးအပါ
အ၀င်ဖြစ်သော ဦးဟန်ညောင်ဝေသည်  ယနေ့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းက
မြန်မာနိုင်ငံသို့ရောက်ရှိလာကြောင်းသိရသည်။


၎င်းမြန်မာနိုင်ငံသို့လာရောက်မှုနှင့်ပတ်သက်၍ ရန်ကုန်အခြေစိုက် ဒီဗွီဘီ သတင်းဌာနမှ 

တာဝန်ရှိသူတစ်ဦးအား လက်ရှိဖြစ်ပွားနေသော ဒီဗွီဘီ ရုံးတွင်းကိစ္စရပ်များဖြေရှင်းရန်
လာရောက်ခြင်း ဟုတ်မဟုတ် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဦးဟန်ညောင်ဝေအနေဖြင့်
 ဒီဗွီဘီ ရုံးတွင်းကိစ္စရပ်များအပေါ် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသည့် ရုံးတွင်းကိစ္စများဖြေ
ရှင်းရန်လာရောက်ခြင်းမဖြစ်နိုင်ကြောင်း၊ 

အစိုးရပိုင်းတာဝန်ရှိသူများနှင့် အကြောင်းကိစ္စ တစ်စုံတစ်ရာရှိခြင်းကြောင့် လာရောက်ခြင်း
ဖြစ်နိုင်ကြောင်း၊ ၄င်းလာရောက်ခြင်းကိုမိမိတို့မသိရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ရခိုင်အရေးအခင်းတွင်သတင်းများကိုအမှားအမှန်မခွဲခြားပဲ တစ်ဖက်သက် ရေးသားခဲ့
သည်အပေါ်ပြည်ပဒီဗွီဘီသတင်းဌာနအပေါ်မြန်မာနှိုင်ငံသားများအထူးမကျေ
မနပ်ဖြစ်ခဲ့ကြသည်။

No comments:

Post a Comment

My Blog List