Monday, May 18, 2020

လွှတ်တော်အစည်းအဝေးတွေ ပြန်လည်စတင်ကျင်းပပြီ

Image may contain: one or more people, people standing and outdoor
သည်ကနေ့ နေပြည်တော်မှာ ဒုတိယအကြိမ်လွှတ်တော် ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေ ပြန်လည်စတင်ကျင်းပပြီ ဖြစ်ပါတယ်။

သည်တစ်ခေါက် လွှတ်တော်အစည်းအဝေးတွေကို ပုံမှန်အားဖြင့် ဧပြီလ ၂၄ ရက်ကနေ ဇွန်လ ၅ ရက်နေ့ထိ ကျင်းပဖို့လျာထားခဲ့ပေမယ့် ကပ်ရောဂါအခြေအနေကြောင့် နောက်ဆုတ်ခဲ့ရကာ အခု မေလ ၁၈ ရက်နေ့ကျမှ စတင်ကျင်းပနိုင်တာ ဖြစ်ပါတယ်။
ဒါ့အပြင် အခုချိန်ဟာ COVID-19 ရောဂါ ဖြစ်ပွားနေဆဲ အချိန်ဖြစ်တာကြောင့် ရောဂါ ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဝန်ထမ်းတွေကို ကိုရိုနာဗိုင်းရပ်စ် ရှိ မရှိ ကျန်းမာရေးစစ်ဆေးမှုတွေ ကြိုတင်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သူတို့ရဲ့ အထောက်အကူပြုအဖွဲ့တွေကိုလည်း
တပ်မတော်ကနေ ကိုရိုနာဗိုင်းရပ်စ် ရှိ မရှိ စစ်ဆေးပြီးဖြစ်တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

လွှတ်တော် အစည်းအဝေး ကျင်းပမယ့်နေရာတွေမှာလည်း လွှတ်တော် ကိုယ်စားလှယ်တွေကို social distancing ဖြစ်အောင် နေရာချ စီစဥ်ပေးထားတာ တွေ့ရပါတယ်။
သည်တစ်ခေါက် ကျင်းပတဲ့ ၁၆ ကြိမ်မြောက် လွှတ်တော် အစည်းအဝေးမှာတော့ အစိုးရရဲ့ ဖြည့်စွက်ဘတ်ဂျတ်ကိစ္စတွေလည်း ဆွေးနွေးအတည်ပြုဖို့ ရှိနေပါတယ်။
Image may contain: one or more people and people standing
Image may contain: one or more people and people standing
Image may contain: one or more people, people standing and outdoor
Image may contain: one or more people, people standing and outdoor
Image may contain: one or more people and people standing
Image may contain: one or more people and people standing
Image may contain: one or more people, people standing, people sitting and indoor
Image may contain: one or more people, people standing and indoor
Image may contain: one or more people, people sitting and indoor
Image may contain: one or more people and people standing

Author/Photo - မာရီခိုင်

No comments:

Post a Comment

My Blog List