Wednesday, May 20, 2020

ရခိုင်ပြည်နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ စတင်စစ်ဆေးမည်

Image may contain: 4 people, people standing
ရခိုင်ပြည်နယ်က တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ စစ်ဆေးတာတွေကို မေလ(၂၀)ရက်မှာ စတင်ဆောင်ရွက်သွားမယ်လို့ စစ်တွေတက္ကသိုလ် ဒုတိယပါမောက္ခချုပ်က ပြောပါတယ်။ အဖြေလွှာတွေ စစ်ဆေးဆောင်ရွက်ရာမှာ(COVID-19) ရောဂါကာကွယ်ရေးအတွက် နယ်က ဆရာ၊ဆရာမတွေကို မပါတော့ဘဲ စစ်တွေမြို့က ဆရာ၊ဆရာမတွေနဲ့ပဲ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ စစ်တွေတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်က ပြောပါတယ်။
“ အခု ကျွန်တော်ကိုယ်တိုင် ပထမအဆင့်ကို ကြီးကြပ်ပြီး လုပ်နေပါတယ်။ နောက် စစ်တွေတက္ကသိုလ်မှာ ရှိနေတဲ့ ဌာနမှူးတစ်ယောက်ကို ဒုတိယခေါင်းဆောင် အဖြစ် ထားပြီး ဆောင်ရွက်နေပါတယ်” လို့ ဒေါက်တာ ခင်ဇော်က ပြောပါတယ်။
တက္ကသိုလ်ဝင်တန်း အဖြေလွှာ စစ်ဆေးဖို့ ကြိုတင်ပြင်ဆင်တာတွေကို မေလ(၂၀)ရက်ကနေ(၃၁)ရက်အထိ ဆောင်ရွက်သွားမှာ ဖြစ်ပြီး အဲဒီနောက် အဖြေလွှာတွေကို စာစစ်မှူးဆီ ပေးပို့သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒါတွေ ဆောင်ရွက်ပြီးရင် အဖြေလွှာစစ်ဆေးတာကို ဇွန်(၅)ရက်မှာ စတင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုအဖြေလွှာတွေ စစ်ဆေးပေးမယ့် စာစစ်မှုးချုပ်နဲ့ လက်ထောက်စာစစ်မှုးချုပ်တွေကို(Home Stay) ထားကာ နှာခေါင်းတို့ဖတ်စတဲ့ ဓါတ်ခွဲနမူနာတွေရယူစစ်ဆေးပြီးမှ အဖြေလွှာစစ်ဆေးတာကို လုပ်စေမှာ ဖြစ်တယ်လို့ ဒေါက်တာခင်မောင်ဇော်က ပြောပါတယ်။
“စာစစ်မှုးချုပ်နဲ့ လက်ထောက်စာစစ်မှုးချုပ်တွေကို ပြန်ခေါ်ထားပြီး အခုလောလောဆယ် (Home Stay)ထားပါတယ်။ Home Stay မှ ငါးရက်ထားမယ် ။ ပြီးရင် ဓါတ်ခွဲနမူနာတွေကို စစ်မယ်။ ပိုးမတွေ့ဘူးဆိုရင်တော့ ငါးရက် ဆက်နေပြီး စာတွေ စစ်လို့ရပါပြီ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ(COVID.19)ကူးစက်ရောဂါပိုး စတင်တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက မတ်လ (၂၃)ရက် ညပိုင်းမှာ ကြေညာခဲ့ပြီးတဲ့ နောက် တက္ကသိုလ်ဝင်တန်းအဖြေလွှာ ခုံနံပါတ်လျိုဝှက်သင်္ကေတ လုပ်တာတွေကိုလည်း ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၁၂၇)ခုကနေ ကျောင်းသားကျောင်သူ (၄၀၀၀၀) ကျော်ရှိပြီး ဝင်ရောက်ဖြေခဲ့ကြတယ်လို့ သိရပါတယ်။
Image may contain: 1 person, eyeglasses
Image may contain: one or more people, people standing and outdoor

သတင်း- စံနုခိုင်၊ ကျော်လွင်

No comments:

Post a Comment

My Blog List