Monday, May 18, 2020

တာမွေမြို့နယ်အတွင်း ကျန်းမာရေးစစ်ဆေးရာ၌ COVID-19 ရောဂါလက္ခဏာရှိသူ (၄)ဦးတွေ့ရှိ


Image may contain: 1 person, standing and outdoor
တာမွေမြို့နယ်အတွင်း ကျန်းမာရေးစစ်ဆေးရာမှာ COVID- 19 ရောဂါလက္ခဏာရှိသူ (၄)ယောက်နဲ့ ကိုယ်အပူချိန် မြင့်မားနေသူ (၄)ယောက်ကိုတွေ့ရှိခဲ့ရတယ်လို့ တာမွေမဲဆန္ဒနယ်(၂)လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းမြင့်က ပြောပါတယ်။ 

မေ(၁၇)ရက်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့လမ်းညွှန်ချက်နဲ့ ရန်ကုန်တိုင်းဒေသကြီး COVID-19 ကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး စစ်ဆေးရာမှာ အခုလို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကျန်းမာရေးစစ်ဆေးပေးရာမှာ ငွေကြေးနဲ့ အချိန်အခက်အခဲ ကြောင့် ကိုယ်အပူချိန် တိုင်းတာလောက်ပဲ ဆောင်ရွက်ပေးနိုင်သေးတယ်လို့ ဦးသိန်းမြင့်က ပြောပါတယ်။ “ကျန်းမာရေးအရ တစ်မြို့နယ် လုံး တစ်တိုင်းလုံးအတွက် အရေးကြီးတယ်။ ဒီလိုမှ မလုပ်လည်း မဖြစ်ဘူး။ ဒါပေမယ့် အပူချိန်တိုင်းတာလောက်ပဲ လုပ်နိုင်တယ်။ အမှန်ဆို တို့ဖတ် ယူသင့်တာပါ” လို့ ဦးသိန်းမြင့်က ပြောပါတယ်။
COVID- 19 ရောဂါလက္ခဏာတွေ့ရှိသူ (၄)ယောက်ကို သင်္ဃန်းကျွန်း စံပြဆေးရုံကြီးကိုပို့ဆောင်ထားပြီး ကိုယ်အပူ ချိန်မြင့်မားနေတဲ့ (၄)ယောက်ကိုတော့ ကမာရွတ်မြို့နယ်၊ ပညာရေးတက္ကသိုလ်၊ လေ့ကျင့်ရေးကျောင်း ဧကရီ ဆောင်မှာ Quarantine နေထိုင်ဖို့ ပို့ဆောင်ထားတယ်လို့ဆိုပါတယ်။ ကနဦးမှာ ကိုယ်အပူချိန်မြင့်မားသူ (၁၄) ယောက်တွေ့ရှိခဲ့ပေမယ့် ထပ်မံစစ်ဆေးရာမှာ (၁၀)ယောက်က သာမန်ကိုယ်အပူချိန်ပြန်ဖြစ်သွားတာမို့ (၄)ယောက် ကိုပဲ ကွာရန်တင်းဝင်ဖို့ ပို့ဆောင်ခဲ့တာလို့ သိရပါတယ်။ 
Image may contain: one or more people and people standing
Image may contain: 1 person, standing and outdoor
Image may contain: 2 people, people standing and outdoor
Image may contain: 1 person, standing and outdoor
သတင်း-သူသူထက်လွင်၊ ဓာတ်ပုံ- phyo min thein(fb)

No comments:

Post a Comment

My Blog List