Friday, May 08, 2020

အမှတ် ၁ သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းကို အဂတိမှုဖြင့် ရာထူးအလုပ်ထုတ်ပယ်ခြင်းဖြစ်ပြီး အဂတိကော်မရှင်တင်၊ မတင် မသိသေးဟုဆို


Image may contain: one or more people and people sitting
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ် ၁ သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းကို နိုင်ငံတော်သမ္မတရုံးက မတ်လ ၆ ရက်နေ့က အလုပ်မှထုတ်ပယ် အလုပ်ရာထူးဖယ်ရှားလိုက်ခြင်းသည် သတ္တုတွင်းဆိုင်ရာ အဂတိမှုများနှင့်ဆက်စပ်ကြောင်း ပြည်သူ့လွှတ်တော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းေရးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
နိုင်ငံတော်သမ္မတရုံးက မတ်လ ၆ ရက်နေ့ နေ့စွဲဖြင့် အမှတ် ၁ သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

"ကျနော်တို့ အကြမ်းဖျဉ်း သိတာကတော့ သတ္တုတွင်းတွေနဲ့ပတ်သက်တဲ့ အဂတိ ကိစ္စတွေပါပဲ။ ဒီထက်တော့ အသေးစိတ်တွေ မသိဘူး။ Case တွေရှိတယ်။ အကုန်လုံး ဌာနဆိုင်ရာ စစ်ဆေးပြီးတော့ အဲလိုဖြစ်တာပါပဲ။ ရုံးတွင်းစစ်ဆေးအဆင့်နဲ့ စစ်ဆေးပြီး စစ်တာပါ။ အဂတိကော်မရှင်ကို ဆက်ပြီး တက်မလား မတက်မလားတော့ ကျနော်တို့ မသိဘူး။ သူက ဒီလိုဖြစ်လာရင် ဌာနကပဲ စစ်လိုက်မယ်ဆိုရင် ဌာနကပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ အဂတိက ကိုင်တာဆိုရင် အဂတိက စစ်တယ်ပေါ့။ ရိုးရိုးထုတ်လိုက်တာ။ အလုပ်ထုတ်လိုက်တာပါ" ဟု ဦးစိုးသူရထွန်းက ပြောဆိုသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနဘက်ကမူ တစ်စုံတစ်ရာ မှတ်ချက်ပြုပြောဆိုခြင်းမပြုဘဲ သမ္မတရုံးသို့သာ မေးမြန်းရန် ပြောဆိုသည်။

“ သမ္မတရုံးက စာ ထွက်ရင်တော့ ဟုတ်လိမ့်မယ်။ ကျွန်တို့ဆီက စာထွက်တာမဟုတ်ဘူးလေ။ အဲတာကျတော့ confirm ဖြစ်မဖြစ်က သမ္မတရုံးမေးတာ ပိုကောင်းမယ်ထင်တယ်။ အဲဒီညွှန်ချုပ် Level တို့ဘာတို့ ထွက်တာကျတော့ ဝန်ကြီးဌာနထုတ်တာမဟုတ်ဘူးလေ။ ထုက်လို့လည်းမရဘူး ” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းေရး ဝန်ကြီးဌာန (သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး အဖွဲ့ဝင်) ဦးကိုကိုလှိုင် ကပြောဆိုသည်။

၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်နေ့ကလည်း အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်ကို ကျပ်သိန်း ၇၀ ကျော် လာဘ်ယူမှုဖြင့် အဂတိတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့် တရားစွဲဆိုခဲ့သည်။

No comments:

Post a Comment

My Blog List