Wednesday, May 20, 2020

ပြစ်ဒဏ်ကျပြီး တစ်နှစ်ကျော်ကြာမှ ဒေါက်တာအေးမောင်ကို ရွေးကော်က ထုတ်ပယ်

Image may contain: 1 person
၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ရခိုင် ပြည်နယ်၊ အမ်းမြို့နယ်မှ ရွေးကောက်တင်မြှာက်ခြင်းခံရသည့် ဒေါက်တာအေးမောင်သည် ရာ ဇသတ်ကြီး ပုဒ်မ ၁၂၂(၁) နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) တို့ အရ ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့က စစ်တွေခရိုင်တရားရုံးတွင် ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခြင်းခံခဲ့ရကြောင်း သိရသည်။

၎င်းနှင့်အတူ စာရေးဆရာ ဝေဟင်အောင်လည်း ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခြင်း ခံခဲ့ရကြောင်း သိရသည်။
ယင်းတို့ နှစ်ဦးသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ရသေ့တောင်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ရခိုင့်ဘုရင်ကျဆုံးခြင်း အထိမ်းအမှတ်စာပေဟော ပြောပွဲတွင်ပြောခဲ့သည့် ဟောပြောချက်များကြောင့် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ နှင့် နိုင်ငံတော်အ ကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နှင့်မတရားအ သင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့ဖြင့် တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြစ်ဒဏ်ချမှတ်ခံရပြီး တစ်နှစ်ကျော်ကြာမှ ၎င်း အား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က မေလ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
ထို့ပြင် ကိုယ်စားလှယ် အဖြစ်မှ ပယ်ဖျက်ခြင်းခံရသည့် ဒေါက်တာ အေးမောင်သည် မတ်လ ၁၈ ရက်မှ စတင်၍ နောင်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲများတွင် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ် တော် ၊ တိုင်းဒေသကြီး(သို့) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါ၀င်ယှဉ်ပြိုင်ခွင့် မရှိကြောင်းလည်း ထုတ်ပြန်ကြေညာချက်တွင်ပါရှိသည်။
ယဉ်ကေနွယ်
(Zawgyi)ပြစ်ဒဏ်ကျပြီး တစ်နှစ်ကျော်ကြာမှ ဒေါက်တာအေးမောင်ကို ရွေးကော်က ထုတ်ပယ်
၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ရခိုင် ပြည်နယ်၊ အမ်းမြို့နယ်မှ ရွေးကောက်တင်မြှာက်ခြင်းခံရသည့် ဒေါက်တာအေးမောင်သည် ရာဇသတ်ကြီး ပုဒ်မ ၁၂၂(၁) နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) တို့ အရ ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့က စစ်တွေခရိုင်တရားရုံးတွင် ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခြင်းခံခဲ့ရကြောင်း သိရသည်။
၎င်းနှင့်အတူ စာရေးဆရာ ဝေဟင်အောင်လည်း ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခြင်း ခံခဲ့ရကြောင်း သိရသည်။
ယင်းတို့ နှစ်ဦးသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ရသေ့တောင်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ရခိုင့်ဘုရင်ကျဆုံးခြင်း အထိမ်းအမှတ်စာပေဟောပြောပွဲတွင်ပြောခဲ့သည့် ဟောပြောချက်များကြောင့် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နှင့်မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့ဖြင့် တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြစ်ဒဏ်ချမှတ်ခံရပြီး တစ်နှစ်ကျော်ကြာမှ ၎င်း အား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကေ်ာမရှင်မှ မေလ ၁၈ ရက်က ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
ထို့ပြင် ကိုယ်စားလှယ် အဖြစ်မှ ပယ်ဖျက်ခြင်းခံရသည့် ဒေါက်တာ အေးမောင်သည် မတ်လ ၁၈ ရက်မှ စတင်၍ နောင်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲများတွင် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော် ၊ တိုင်းဒေသကြီး(သို့) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိကြောင်းလည်း ထုတ်ပြန် ကြေညာချက်တွင်ပါရှိသည်။
ယဉ်ကေနွယ်

No comments:

Post a Comment

My Blog List