Saturday, May 23, 2020

EAO အဖွဲ့များအားလုံးကို COVID-19 ထိန်းချုပ်ကာကွယ်ကုသရေး ထောက်ပံ့ပစ္စည်းများလှူဒါန်းရာတွင် ချန်လှပ်မထားပဲ ပေးအပ်သွားမည်ဖြစ်ပြီး အကြမ်းဖက်ဟု ကြေညာထားသည့် အဖွဲ့များ မပါ၀င်

တပ်မတော်အနေဖြင့် လက်ရှိဖြစ်ပွားနေသည့် COVID-19 ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပြီး အဆိုပါ လုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း ချန်လှပ်မထားပဲ ထောက်ပံ့ပေး အပ်လှူဒါန်းမှုများလုပ်ဆောင်ပေးသွားမည်ဖြစ်သော်လည်း အကြမ်းဖက်ဟုကြေညာထားသည့်အဖွဲ့များ မပါ၀င်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောကြားလိုက်သည်။
မေ၂၂ရက်နေ့လည်ပိုင်းက နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေး သ တင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူပြောခဲ့တာသည်ရှင်းရှင်းလေးပါ။ သူပြောခဲ့တာသည် ဒီလုပ်ငန်းစဉ်မှာ ဘယ်သူ့ မှ ချန် လှပ်မထားဘူး။ ဘယ်သူ့မှ ချန်လှပ်မထားတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ဒီ EAO တွေကို လည်းချန်လှပ်ထားမှာမဟုတ်ဘူး။ ကျွန်တော် တို့သည် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်။ ဒီနေ့ဆိုရင် KNPP ကို မနက် ၁၀ လောက်တုန်းက လွိုင်ကော်မှာ KNPP အဖွဲ့နဲ့တွေ့တယ်။ KNPP အဖွဲ့တွေကို လှူဒါန်းခဲ့တာရှီပါတယ်။ SSA ၀မ်ဟိုင်းကိုလည်း ဒီနေ့ လှူပါမယ်။ KNUPC ဒီနေ့လှူပါမယ်။ KTO အဖွဲ့ကို ကျွန်တော်တို့ ဒီနေ့ လှူပါမယ်။ KNU အဖွဲ့ကိုလည်း ဒီနေ့ လှူပါမယ်။ ဒီနေ့ ကျွန်တော်တို့ အဖွဲ့ ၅ဖွဲ့ကိုဆက်ပြီး လှူဒါန်းသွားမှာဖြစ်တယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောသည်။
တပ်မတော်အနေဖြင့် EAO များအား ထောက် ပံ့ပစ္စည်းများလှူဒါန်းပေးမှုသည် တဒင်္ဂက ငြိမ်းချမ်းရေးကို သွားနေခြင်း မဟုတ်ပဲ ထာ ၀ရငြိမ်းချမ်းရေးရရှိစေရန် သွားနေပြီး ထိုသို့ လုပ်ဆောင်ပေးခြင်းဖြင့် တစ်ဖက်နှင့်တစ် ဖက်ယုံကြည်မှုကို တည်ဆောက်ခြင်းဖြစ် ကြောင်းလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။
“ဒီကနေ တစ်ဆင့် ကျွန်တော်တို့ မျှော်မှန်းထားတဲ့ဟာသည် ခုနက ပြောတဲ့ ထာ၀ရ ငြိမ်း ချမ်းရေးအတွက်လည်း ဖြစ်သလို ကျွန်တော်တို့ မျှော်မှန်းတဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနဲ့ ယုံကြည်မှု တည်ဆောက်ရေးအ တွက်လည်း မျှော်မှန်းတယ်လို့ ပြောလို့ရပါတယ်”ဟု ၎င်း ကပြောသည်။
ထိုသို့ပေးအပ်မှုများကို မည်သူ့မျှ ချန်လှပ်မထားသော်လည်း အကြမ်းဖက်ဟု ကြေညာထားသူများမပါ၀င်ပဲ ၎င်းတို့သည် အကြမ်း ဖက်ဟုကြေညာထားသည့် အတွက် ညှိနှိုင်းစရာအကြောင်း မရှိကြောင်းလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။
သို့သော်လည်း ရခိုင်ပြည်နယ်ရှိ စစ်တွေ၊အမ်းမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်ရှိ အနီးတစ် ဝိုက်ရွာများကို တပ်မတော်မှ ပါရဂူများ၊ဆေးအဖွဲ့များကို လွန်ပြီး လွန်ခဲ့သည့် ၂ ပတ်လောက်ကတည်းကပင်ဆေးဖြန်းပေးမှုများ၊ကုသပေးမှုများ အသိပညာပေးမှုများ၊ လှူ ဒါန်းမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
“ခုနပြောနေတဲ့ အကြမ်းဖက်အဖွဲ့ အစည်းတွေကိုတော့ ကျွန်တော်တို့ ညှိနှီုင်းစရာအကြောင်း မရှိဘူး။သို့သော် သူတို့နဲ့ ပတ်သက်နေတဲ့ ရွာတွေကိုတော့ ကျွန်တော်တို့ ရွာတွေ မြို့တွေ ပြည်သူလူထုကိုတော့ ကျွန်တော်တို့ ဆောင် ရွက်ပေးနေလျက်ရှိပါတယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောသည်။
EAO များ လှူဒါန်းပေးမှုတွင် မေလ ၁၉ ရက်နေ့က ၀ ဒေသနှင့် မေလ ၂၀ ရက်နေ့က KIO တို့ COVID ထိန်းချုပ်ကာကွယ်ရေး ပစ္စည်းများဖြစ်သည့် Mask များ၊ Face Shilel များ၊ PPE ၀တ်စုံတွေလှူဒါန်းမှုများ လုပ် ဆောင်ခဲ့ပြီး မေလ ၁၂ရက်မှစတင်ပြီး ၀ ဒေသ တွင် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာ ပြုများ ပါ၀င်သည့် ဆေးအဖွဲ့ များနှင့် ကာကွယ်ထိန်းချုပ်ရေး ကုသရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယဥ်ကေနွယ်

No comments:

Post a Comment

My Blog List