Monday, May 18, 2020

သရုပ်ဆောင် ခန့်စည်သူ ဦးစီးသည့် မေတ္တာသင်္ဂဟအဖွဲ့မှ ကိုလူချောများအဖွဲ့အတွက် အခြေခံစားသောက် ကုန်များလှူဒါန်း


Image may contain: one or more people and people sitting
သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူ ဦးစီးတဲ့ မေတ္တာသင်္ဂဟအဖွဲ့သားတွေဟာ မေ(၁၇)ရက်က လူကြမ်းသရုပ် ဆောင်တွေဖြစ်တဲ့ ကိုလူချောအဖွဲ့သားတွေအတွက် ဆန်၊ ဆီ၊ ဆားတွေအပြင် ကြာဆံထုတ်၊ အသင့်စား ငါးပိကျော်နဲ့ အကြော်စုံတွေကို လှူဒန်းခဲ့ကြပါတယ်။ 
အဲဒီအလှူပွဲကို တာမွေမြို့နယ်က အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းမှာပြုလုပ်ခဲ့တာပါ။ ကိုဗစ်ရောဂါကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်ရအောင် ကိုလူချောများအဖွဲ့ရဲ့ သက်ဆိုင်ရာမြို့နယ်အလိုက် ကိုယ်စားလှယ်တွေကတစ်ဆင့် အစားအသောက်တွေကို ပေးအပ်ခဲ့တာဖြစ်တယ်လို့ ကိုလူချောများအဖွဲ့ဥက္ကဋ္ဌ သရုပ်ဆောင် အကယ်ဒမီ ဦးအောင်ခိုင်ကပြောပါတယ်။ 
Image may contain: 1 person, food
Image may contain: one or more people, people standing, table, food and outdoor
Image may contain: one or more people, people sitting, child and outdoor
Image may contain: one or more people, child, outdoor and food
သတင်း-ရဲမြတ်သူ

No comments:

Post a Comment

My Blog List